ဖေဖော်ဝါရီ ၁၈ ။ ။ အရှေ့အာဖရိကနိုင်ငံတွေမှာ ကျိုင်းကောင်များ အစုလိုက် အပြုံလိုက် ကျရောက်နေတဲ့ ဘေးအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းဖို့ ပါဝင်လှူဒါန်းကြရန် ကုလသမဂ္ဂ လူသားချင်း စာ နာထောက်ထားရေးဌာနအကြီးအကဲက တိုက်တွန်းဆော်ဩပါတယ်။
ကျိုင်းကောင်တွေ ပြန့်ပွားကျရောက်နေတာကို ယူဂန္ဓာနိုင်ငံမှာ စစ်သားတွေက ဆေးဖြန်းပြီး နှိမ်နင်းမှုတွေ လုပ်ဆောင်နေပါတယ်။
ကင်ညာ၊ ဆိုမာလီနဲ့ အီသီယိုပီးယားနိုင်ငံတွေမှာလည်း ခုလို ကျိုင်းကောင်တွေ ကျရောက်နေတာကြောင့် စားနပ်ရိက္ခာ ထုတ်လုပ်မှုကို ပျက်စီးမှုတွေ ဖြစ်နေရကြောင်း စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း FAO က ပြောပါတယ်။
ခုလို ကျိုင်းကောင်တွေ ကျရောက်မှုဟာ နှစ်အစိတ်အတွင်းမှာ အဆိုးဝါးဖြစ်တယ်လို့လည်း FAO က ဆိုပါတယ်။
“ခုဆိုရင် အရှေ့အာဖရိက နိုင်ငံတွေက ပြည်သူ ၁၃ သန်းကျော်ဟာ ဒီလို ကျိုင်းကောင်တွေ ကျရောက်လို့ စားနပ်ရိက္ခာတွေ ပျက်စီးမှု ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။”လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးဌာနအကြီးအကဲ မတ်လောကွတ်က ပြောပါတယ်။
ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ခုလို အာဖရိကမှာ ကျိုင်းကောင်တွေ ကျရောက်တဲ့ ဘေးဒုက္ခကို ကိုင်တွယ်ဖြေရှင်းရာမကူညီပေးကြဖို့ ၎င်းက တိုက်တွန်းဆော်ဩခဲ့ပါတယ်။