ဝန်ထမ်းများကို အခွန်သက်သာခွင့်နှင့် ကားတင်သွင်းခွင့်ပေးမည့် အစီအစဉ် ကို နိုင်ငံတော်သမ္မတရုံးက ခွင့်ပြုချက်ရလျှင် ချက်ခြင်း ဆောင်ရွက် ပေးသွား မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးကပြောသည်။
ဖေဖေါ်ဝါရီ ၁၄ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မေးခွန်း လာရောက် ဖြေကြားခဲ့ပြီးနောက် မီဒီယာများ၏ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ရိုက်ကူး / တည်းဖြတ် - အောင်မြတ်သူ