ဖေဖော်ဝါရီ ၁၀ ။ ။ ဂါဇာတောင်ပိုင်းက ဟားမက်စ်တို့ရဲ့ နေရာတွေကို ပစ်မှတ်ထားပြီး အစ္စရေးစစ်တပ်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ယင်းမတိုင်မီက ဂါဇာကမ်းမြှောင်နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အစ္စရေးမြို့တွေဘက်ကို ဦးတည်ပြီး ဂါဇာဘက်ကနေ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့မှုအပေါ် လက်တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးတို့ဘက်က ခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဂါဇာဘက်က စစ်သွေးကြွတွေက အစ္စရေးကို ဒုံးလက်နက်နဲ့ ပစ်လွှတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၈ ရက်နေ့က အဆိုပါဂါဇာကမ်းမြှောင်က စစ်စခန်းနေရာတွေကို ပြန်လည် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဒါဟာ အမေရိကန်အစိုးရက အငြင်းပွားဖွယ် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုကို ထုတ်ဖော်ပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။
အစ္စရေးတို့ရဲ့ ယခု တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှု၊ ထိခိုက်ပျက်စီးမှု သတင်းတွေ လက်တလော ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။