ဖေဖော်ဝါရီ ၇။ ။ ယူကရိန်းပါလီမန်မှာ ဖေဖော်ဝါရီ ၆ ရက်က အငြင်းပွား မြေယာပြုပြင်ပြောင်းလဲရေး ဥပဒေ မူကြမ်းတစ်ရပ်နဲ့ပတ်သက်လို့ ဆွေးနွေးရင်း အမတ်တွေအကြား သဘောထားမတိုက်ဆိုင်ဘဲ တွန်းထိုးရန် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ပါတီဘက်က အမတ် ၁၅ ယောက်လောက်နဲ့ ဝန်ကြီးချုပ်ဟောင်း ယူလီယာ တိုင်မိုရှန်ကိုရဲ့ ပါတီဘက်က အတိုက်အခံအမတ်တွေအကြား အပြန်အလှန် တွန်းထိုးရင်း ခိုက်ရန်ဖြစ်ပွားခဲ့ ကြတာ ဖြစ်ပါတယ်။
ယင်းအတွက်ကြောင့် အငြင်းပွား မြေယာပြုပြင်ပြောင်းလဲရေး မူကြမ်းကို ပါလီမန်ထဲမှာ အပြီးသတ် ဆွေးနွေးမှုကို လုပ်ဆောင်ဖို့ ရုန်းကန်ခဲ့ကြရပါတယ်။
ယင်းနေ့က လွှတ်တော်အပြင်ဘက်မှာလည်း ဒီဥပဒေကြမ်းကို ဆန့်ကျင်ပြီး လူပေါင်းရာနဲ့ချီတို့ လာရောက်စုရုံးဆန္ဒပြခဲ့ကြပါတယ်။
“ ယူကရိန်းမြေကို ရောင်းချတာက ပြစ်မှုတစ်ခုပဲ” ဆိုပြီး ရန်ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိတဲ့ ရုရှားလိုလားတဲ့ အမတ် ဗာဒိုင် ရာဘီနိုဗစ်ချ်က အော်ဟစ်ပြောဆိုသွားခဲ့ပါတယ်။
ယင်းနောက်ပိုင်း ပါလီမန်အမတ်တွေ ပြန်လည် ငြိမ်သက်သွားခဲ့သော်လည်း ဥပဒေမူကြမ်းကို သဘောထားဆွေးနွေးမှုကိုတော့ လာမယ့် ရက်တွေထဲကျမှ ဆက်လုပ်သွားရဖွယ် ရှိနေပါတယ်။