ဆီးရီးယားအရေး နိုင်ငံတကာ ဆွေးနွေးပွဲ အီရန်တက်ရောက်မည်

ဆီးရီးယားအရေး နိုင်ငံတကာ ဆွေးနွေးပွဲ အီရန်တက်ရောက်မည်

ဆီးရီးယားနိုင်ငံက ပဋိပက္ခများအား နိုင်ငံရေးနည်းလမ်းအရဖြေရှင်းရေး ဗီယင်နာတွင် ကျင်းပမည့် နိုင်ငံတကာဆွေးနွေးပွဲသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမတ်ဂျာဗက်ဇာရစ် တက်ရောက်မည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ဆီးရီးယားသမ္မတ ဘာရှာအာဆတ်နှင့် မဟာမိတ်ဖြစ်သည့် အီရန်အနေဖြင့် အမေရိကန်ပါဝင်သည့် ထိုသို့သော ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခြင်းသည် ပထမဆုံးဖြစ်မည်ဖြစ်သည်။

ရုရှ၊ ဆော်ဒီအာရေဗျနှင့် တူရကီနိုင်ငံတို့မှ ကိုယ်စားလှယ်ကြီးများလည်း ယင်းအစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်သည်။

အစောပိုင်းက အမေရိကန်က အီရန်သို့ အစည်းအဝေးတက်ရောက်ရေး ကမ်းလှမ်းထားခဲ့သည်။

ယင်းတစ်ချိန်တည်းတွင် ဆီးရီးယားတွင် အစွန်းရောက်ပစ်မှတ်များကို ရုရှ၏ လေကြောင်းတိုက်ခိုက်မှုများ ၂၄ နာရီအတွင်း ၁၁၈ ကြိမ် တိုက်ခိုက်ခဲ့ကာ စံချိန်တင်တိုက်ခိုက်ခဲ့သည်။

ဆီးရီးယားအရေး ဆွေးနွေးပွဲ အဓိကအသုတ်ကို အောက်တိုဘာ ၃၀ တွင် ကျင်းပရန် မျှော်မှန်းထားသော်လည်း အောက်တိုဘာ ၂၉ ရက် ညနေတွင် အကြိုဆွေးနွေးပွဲများ ရှိလိမ့်မည်ဖြစ်ကြောင်း သံတမန်က ပြောထားခဲ့သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly