မန္တလေး၊ ဇန်နဝါရီ ၂၆။ ။ အိန္ဒိယသမ္မတနိုင်ငံတော်နေ့ အခမ်းအနားကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အိန္ဒိယဂေဟာတွင် ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံသမ္မတမှပေးပို့ခဲ့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
သဝဏ်လွှာထဲတွင် လွန်ခဲ့သည့် နှစ် ၇၀က အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြသော ခေါင်းဆောင်များအား ဂုဏ်ကျေးဇူးကို အောက်မေ့သိရသောအားဖြင့်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင် ငံနှင့် အိန္ဒိယနိုင်ငံတို့၏ နှစ်နိုင်ငံနယ်နမိတ်ဖြစ်သော တမူး၊ မိုးရေးနပ်စပ်တွင် အပြည်အပြည်ဆိုင်ရာနယ်စပ်ဂိတ် ဖွင့်လှစ်ပြီးနောက် ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ အားကစား၊ စီးပွားရေးကိုယ်စားလှယ်များ၊ ဆေးကုသရေးခရီး သွား လုပ်ငန်း၊ ဘုရားဖူးခရီးသွားနှင့် ပြည်သူများ အပြန်အလှန်ကူသန်းဆပ်စပ်မှုများကို နယ်စပ်ဂိတ်များကို အသုံးပြုခြင်းဖြင့် ပိုမိုများပြားစွာလုပ်ဆောင်နိုင်ခဲ့ကြောင်း ပါရှိသည်။
အခမ်းအနားသို့ အထက်မြန်မာပြည်ရှိ မြို ၁၁မှ အိန္ဒိယမျိုးနွယ်စုများ၊ မိတ်ဆွေများ စုစုပေါင်း ငါးရာကျော်ခန့် တက်ရောက်ခဲ့ကာ ယဉ်ကျေးမှုအကအလှများ၊ အစားအသောက်များဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။