ဇန်နဝါရီ ၇။ ။ အမေရိကန်လက်ချက်ကြောင့် သေဆုံးသွားသည့် အီရန်ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလေမာနီ၏ စျာပနပွဲအခမ်းအနားကို ဇန်နဝါရီ ၇ ရက်က ၎င်း၏ဇာတိမြို့တွင် ကျင်းပရာ ပြည်သူထောင်ပေါင်းများစွာ လိုက်ပါပို့ဆောင်ခဲ့ကြသည်။
အီရတ်တွင် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီ၏ စျာပနပွဲအခမ်းအနား၏ နောက်ဆုံးအဆင့် စီတန်းလှည့်လည်မှုကို ယင်းနေ့က ကာမန်းမြို့တွင် ကျင်းပသည်။
ဗိုလ်ချုပ်ကြီး ဆိုလေမာနီ၏ စျာပနအခမ်းအနား စီတန်းလှည့်လည်မှုများကို တီဟီရန် အပါအဝင် အခြား မြို့ကြီးများတွင် ကျင်းပခဲ့ပြီး လိုက်ပါပို့ဆောင်သူဦးရေ ထောင်ပေါင်းများစွာအထိ ရှိခဲ့သည်။
အီရန် စစ်တပ်၏ အရေးပါဆုံး တပ်မှူးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆိုလေမာနီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်အနီးတွင် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ယင်းကိစ္စဖြစ်ပြီးနောက် အမေရိကန်နှင့် အီရန်အကြား တင်းမာမှု မြင့်တက်နေလျက် ရှိပြီး ဗိုလ်ချုပ်ကြီး ဆိုလေမာနီ သေဆုံးမှုအတွက် အမေရိကန်ကို ပြန်လည် လက်တုန့်ပြန်မည်ဟု အီရန်က ကြုံးဝါးထားသည်။