ဇန်နဝါရီ ၆ ။ ။ သြစတြေးလျနိုင်ငံတစ်ဝန်း လောင်ကျွမ်းလျက် ရှိသော တောမီးများကြောင့် ယင်းနိုင်ငံတွင်းရှိ အပင်များနှင့် တိရစ္ဆာန်များအပေါ် ကြီးမားသည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ထားစေခဲ့ပြီး ဖြစ်သည်။
ယခုအခါ ခန့်မှန်းချက်များအရ တောမီးများကြောင့် ပြည်နယ်တစ်ခုတွင်းမှာပင် သေဆုံးသွားသည့် တိရစ္ဆာန်ကောင်ရေသည် သန်း ၅၀၀ နီးပါးခန့် ရှိခဲ့ကြောင်း သိရသည်။
ယခုအခါ တောမီးလောင်ကျွမ်းခံရပြီး ဖွတ်ဖွတ်ညက်ညက်ကြေသွားသည့် သစ်တောများနှင့် သက်ရှိသဘာဝများ မူလအတိုင်း ပြန်ဖြစ်နိုင်ရန်အတွက်မှာမူ ဆယ်စုနှစ်များစွာနှင့်ချီ အချိန်ပြန်ယူရနိုင်ကြောင်း ပညာရှင်များက ယုံကြည်လျက်ရှိသည်။
လက်ရှိအချိန်တွင် မကြုံစဖူး အပူချိန် မြင့်တက်နေခြင်းကလည်း ယခုရာသီ တောမီးများကို ပိုမို ဆိုးရွားပြင်းထန်စေခဲ့ခြင်း ဖြစ်သည်။
တောမီးများကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၂၀ ထက်မနည်း သေဆုံးထားခဲ့ပြီးဖြစ်သည်။
လက်ရှိ တောမီးများလောင်ကျွမ်းလျက်ရှိစဉ် ယင်းအကျပ်အတည်းအပေါ် တုန့်ပြန်ဆောင်ရွက်ပုံနှင့်ပတ်သက်၍ သြစတြေးလျ အစိုးရသည်လည်း အကြီးအကျယ် ဝေဖန်ခံရလျက် ရှိသည်။