ရှမ်းပြည်နယ်တစ်ဝန်း မဲဆန္ဒရှင်အရေအတွက် ၃၂ သိန်းကျော်ထိ ပြောင်းလဲတိုးလာ

ရှမ်းပြည်နယ်တစ်ဝန်း မဲဆန္ဒရှင်အရေအတွက် ၃၂ သိန်းကျော်ထိ ပြောင်းလဲတိုးလာ

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကြီး၌ မဲဆန္ဒရှင်ပေါင်း ၃၂ သိန်းကျော်ရှိကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

“ရှမ်းပြည်နယ်အတွင်းမှာ လက်ရှိအနေအထားအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၃၂,၂၄,၉၉၉ ဦးရှိပါ တယ်။ ရပ်ကျေးကနေပြီး ပြန်လည်စိစစ်လို့ မှားယွင်းတာလေးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကတော့ နောက် ဆုံးစာရင်းပါ။” ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ္ဂရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရှမ်းပြည်နယ်တစ်ဝန်းလုံး၌ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ရာတွင် မဲဆန္ဒရှင် စုစုပေါင်း ၂၈,၇၉,၉၆၄ ဦးရှိပြီး၊ ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ရာ၌ ၃၁ သိန်း ၁ သောင်းကျော် ရှိလာကာ ယခုနောက်ဆုံးစာရင်းအရ စုစုပေါင်း ၃၂ သိန်း ၂ သောင်းကျော်အထိ တိုးမြင့်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly