မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒီဇင်ဘာ ၁၃ ရက်၌ နယ်သာလန် အောက်လွှတ်တော် Tweede Kamer သို့ စီစဉ်ထားသည့်အတိုင်း သွားရောက်ဖြစ်တော့မည် မဟုတ်ကြောင်း သိရသည်။
လွှတ်တော် နိုင်ငံခြားရေးကော်မတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား တွေ့ဆုံစည်းဝေးရန် အစီအစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်တွင် မမျှော်လင့်ဘဲ အပြောင်းအလဲများ ရှိလာသဖြင့် ပယ်ဖျက်လိုက်ရခြင်းဖြစ်သည်ဟု နယ်သာလန် အောက်လွှတ်တော်ဖြစ်သော Tweede Kamer က ကြေညာသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် ဂမ်ဘီယားနိုင်ငံက မြန်မာနိုင်ငံအား နိုင်ငံတကာတရားစီရင်ရေးခုံရုံး ICJ တွင် တရားစွဲဆိုထားခြင်းကြောင်း သည်ဟိတ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။
နယ်သာလန်အောက်လွှတ်တော်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရရန် လိုလားလျက် ရှိနေသည်။
ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် စွဲဆိုထားသော လူမျိုးတုံးသတ်ဖြတ်မှု စွဲဆိုချက်များနှင့်ဆိုင်သည့် ကိစ္စရပ်များအား နိုင်ငံခြားရေးရာကော်မတီက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် စီစဉ်ထားခြင်း ဖြစ်သည်။