‘နာပိုလီအသင်းကို လက်ရှိ ဇယားမှာ တွေ့ရမြင်ရတာ ရှက်စရာပါပဲ’ - နည်းပြသစ် ဂတ်တူဆို

‘နာပိုလီအသင်းကို လက်ရှိ ဇယားမှာ တွေ့ရမြင်ရတာ ရှက်စရာပါပဲ’ - နည်းပြသစ် ဂတ်တူဆို

ဒီဇင်ဘာ ၁၂။           ။ ဂတ်တူဆိုဟာ ဗုဒ္ဓဟူးနေ့က ထုတ်ပယ်ခံရတဲ့ အန်ဆယ်လော့တီရဲ့ နာပိုလီအသင်းနည်းပြရာထူးကို ရယူအပြီးမှာတော့ စီးရီးအေအမှတ်ပေးဇယား အဆင့် (၇)မှာ ရပ်တည်နေရတဲ့ နာပိုလီအသင်းအတွက် "အလွန်ရှက်စရာကောင်း"တယ်လို့ ပြောကြားသွားပါတယ်။

အန်ဆယ်လော့တီဟာ အင်္ဂါနေ့က ဂျန့်အသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ရပြီး နာပိုလီအသင်းကို ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ကို ပို့ဆောင်ခဲ့ပေမယ့် အသင်းက နည်းပြရာထူးအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဂတ်တူဆိုဟာ အေစီမီလန်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စွမ်းဆောင်ပေးနိုင်ခြင်းမရှိတဲ့နောက် ပြီးခဲ့တဲ့ ရာသီအကုန်က အသင်းကနေ ထွက်ခွာခဲ့သူဖြစ်ပါတယ်။

"ရည်မှန်းချက်က ရမှတ်တွေ ပြန်ကောင်းအောင် လုပ်ဖို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်နေရာ ရအောင်လုပ်ဖို့ပါ။"လို့ အီတလီအသင်းနဲ့အတူ ကစားသမားဘဝ ၂၀၀၆ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ဂတ်တူဆိုက ပြောပါတယ်။

"ကျနော်တို့ ကြိုးစားအားထုတ်ရပါမယ်။ ရမှတ်တွေ ပြန်ရဖို့နဲ့ ဒီခက်ခဲတဲ့ကာလကို ဖြတ်သန်းနိုင်ဖို့ လိုပါတယ်။

"နာပိုလီအသင်းကို လက်ရှိ ဇယားမှာ တွေ့ရမြင်ရတာ ရှက်စရာပါပဲ။"

Ref; AFP

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly