ကျေးလက်ဒေသအနှံ့ ဆေးရုံဆေးပေးခန်းများရရှိနိုင်ဖို့ ငွေကြေးထောက်ပံ့မှုများ တိုးမြင့်လိုအပ်
*******************************
မြန်မာနိုင်ငံတစ်ဝန်း ကျေးလက်ဒေသတွေမှာ ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးနိုင်ဖို့နဲ့ ဆေးရုံဆေးပေးခန်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက် ကျန်းမာရေးဘတ်ဂျတ်တွေကို ပိုမိုတိုးမြှင့်သုံးစွဲဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၅ရက်နေ့က Melia Hotel မှာ ပြုလုပ်ခဲ့တဲ့ လူတိုင်းလက်လှမ်းမှီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့ (UHC day) အခမ်းအနားနဲ့ပတ်သက်ပြီး အသိပေးမိတ်ဆက်ပွဲမှာ DKT International မှာ Head of Training and Program အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာဖြိုးသီဟက ပြောကြားခဲ့တာပါ။
ရိုက်ကူး/တည်းဖြတ် - လာဘ်ရတနာဗိုလ်