တီးတိန်မြို့ ချင်းအမျိုးသားတပ်ဦးရုံး ဗုံးကွဲ

တီးတိန်မြို့ ချင်းအမျိုးသားတပ်ဦးရုံး ဗုံးကွဲ
Photo- Khonumthung-The Chinland Post

အောက်တိုဘာ ၂၂ ရက် ။        ။ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ရှိ ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဆက်သွယ်ရေးရုံးတွင် အောက်တိုဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီကျော်တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု သိရသည်။

Chinland Guardian မှ ထုတ်ပြန်သည့်သတင်းက ချိန်ကိုက်ဗုံး အမျိုးအစားဟု ခန့်မှန်းထားပြီး သေဆုံးဒဏ်ရာ မရှိကြောင်း ဖော်ပြထားသည်။

ပေါက်ကွဲမှုကြောင့် မှန်များ၊ တံခါးများ၊ အုတ်နံရံများ၊ ပရိဘောဂများ ပျက်ဆီးသွားသည်ဟု သတင်းတွင် ဖော်ပြထားသည်။ ယင်းရုံးတွင် CNF ရုံးအဖွဲ့ဝင် ၉ ဦး ရှိသော်လည်း ပေါက်ကွဲချိန်တွင် တစ်ဦးမျှ ရုံးတွင် မရှိကြဟု သိရသည်။

ချင်းအမျိုးသားတပ်ဦး (CNF) သည် ၂၀၁၂ ခု ဇန်နာဝါရီလတွင် ချင်းပြည်နယ် ဟားခါး၌ ပြည်နယ်အဆင့်၊ မေလတွင် ဟားခါး၌ပင် ပထမအကြိမ် ပြည်ထောင်စုအဆင့်၊ ဒီဇင်ဘာတွင် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်၊ အသီးသီး လက်မှတ် ထိုးထားသည်။

၂၀၁၅ ခု အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း အခြားတိုင်းရင်းသားလက်နက်ကိုင် ခုနှစ်ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင် လက်မှတ်ရေးထိုးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags