ဖိလစ်ပိုင်တွင် တရုတ်ကောင်စစ်ဝန်ချုပ် မွေးနေ့ပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်၍ သံတမန်နှစ်ဦးသေဆုံး

ဖိလစ်ပိုင်တွင် တရုတ်ကောင်စစ်ဝန်ချုပ် မွေးနေ့ပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်၍ သံတမန်နှစ်ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ ဒုတိယအကြီးဆုံးမြို့တွင် တရုတ်ကောင်စစ်ဝန်ချုပ် တိုက်ခိုက်ခံရရာတွင် ဒဏ်ရာရခဲ့ပြီး ၎င်း၏ ရုံးအဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့သည်။ အခင်းဖြစ်မှုမှာ အောက်တိုဘာ ၂၁ ရက်က စားသောက်ဆိုင် တစ်ဆိုင်တွင် နေ့လယ်စာ စားသောက်ချိန် သေနတ်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

သေနတ်ပစ်ခတ်မှုတွင် ပါဝင်သည်ဟု သံသယရှိသည့် နေ့လယ်စာစားချိန်ရှိနေခဲ့သည့် တရုတ်ကောင်စစ်ဝန်အရာရှိနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထားကြောင်း အမျိုးသားရဲဌာန ပြောရေးဆိုခွင့်ရှိသူ ဝီဘန်မေယာက အေအက်ဖ်ပီသို့ ပြောသည်။

အခင်းဖြစ် နေရာတွင် အော်တိုပစ္စတိုတစ်လက်နှင့် ကျည်ဆန်ခွံ သုံးခုကို သိမ်းဆည်းရမိကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

တိုက်ခိုက်မှုသည် စီဘူးမြို့တွင်းရှိ နာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်တါင် နေ့လယ် ၁ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခြင်းဖြစ်သည်။

စားသောက်ဆိုင်ဝန်ထမ်းများက ပြောကြသည်မှာ ကောင်စစ်ဝန်ချုပ် ဆောင်ရွန်ဟွာ၏ မွေးနေ့ပွဲကို သီးသန့်ခန်းအတွင်း လူကိုးဦးက စုပေါင်းကျင်းပနေကြခြင်းဖြစ်ပြီး နောက်ပိုင်းသေနတ်သံများကြား ရခြင်းဖြစ်ကြောင်း၊ ၎င်းတို့အခန်းက အစားအစာများ အများအပြားမှာယူသော်လည်း အဖျော်ယမကာများ မှာယူကြခြင်း လုံးလုံးမရှိကြောင်း ပြောသည်။

ဆောင်သည် လည်ပင်းတွင် သေနတ်ထိမှန်ခြင်းဖြစ်သော်လည်း အသက်အန္တရာယ်ဖြစ်လောက်သည့် ဒဏ်ရာမဟုတ်ပဲ ဆေးရုံတွင် အခြေအနေ ကောင်းကောင်းမွန်မွန်ရှိသည်ဟု ဒေသဆိုင်ရာ ရဲအကြီးအကဲ တွမ်ဘာနာက အေအက်ဖ်ပီတို့ ပြောသည်။ သေနတ်ပစ်ခတ်မှုတွင် သေဆုံးသူနှစ်ဦးမှာ တစ်ဦးက လက်ထောက်ကောင်စစ်ဝန်ချုပ်ဖြစ်သူ ဆန်ရှန်းနှင့် ဘဏ္ဍာရေးအရာရှိတစ်ဦးဖြစ်သည့် ဟွီလီတို့ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ရပ်နှင့် ပတ်သက်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly