အိန္ဒိယမှ သီရိလင်္ကာအား ငွေကြေးအကူအညီပေးအပ်

အိန္ဒိယမှ သီရိလင်္ကာအား ငွေကြေးအကူအညီပေးအပ်

နယူးဒေလီ၊ နိုဝင်ဘာ ၃၀ ။         ။ သီရိလင်္ကာနိုင်ငံအတွင်း တရုတ်၏ လွှမ်းမိုးမှုကို ဆန့်ကျင်ချင်သည့် အိန္ဒိယနိုင်ငံသည် သိရိလင်္ကာနိုင်ငံသမ္မတသစ် ဂိုတာဘာယာရာဂျာပါ့ခ်ဆာ နယူးဒေလီသို့ အလည်အပတ်လာရောက်စဉ်အတွင်း ငွေကြေးအကူအညီ ထောက်ပံ့ရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

သီရိလင်္ကာနိုင်ငံသည် အစဉ်အလာအားဖြင့် အိန္ဒိယနိုင်ငံနှင့် မဟာမိတ်ဖြစ်သော်လည်း တရုတ်နိုင်ငံသည် ရာဂျာပါ့ခ်ဆာ၏အစ်ကို သမ္မတဟောင်း မဟင်ဒါရာဂျာပါ့ခ်ဆာ လက်ထက်က ဒေါ်လာဘီလီယံပေါင်းများစွာ ချေးခြင်း၊ မြှုပ်နှံခြင်းများပြုလုပ်ခဲ့သည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နရိန္ဒြာမိုဒီသည် သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးနှင့် အခြေခံအဆောက်အအုံများ တိုးတက် စေရန် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ချေးမည်ဖြစ်သည်။

 

ထို့အပြင် ပြီးခဲ့သည့် ဧပြီလက သီရိလင်္ကာရှိ ခရစ်ယာန်ကျောင်းများနှင့် ဇိမ်ခံဟိုတယ်များတွင် မွတ်စလင် စစ်သွေးကြွများက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့၍ လူပေါင်း ၂၅၈ ဦးသေဆုံးခဲ့သောကြောင့်  သီရိလင်္ကာ၏ လုံခြုံရေးနှင့် စုံစမ်းစစ်ဆေးရေးကိစ္စများ တိုးမြှင့်လုပ်ဆောင်ရန်အတွက် နောက်ထပ်အမေရိကန်ဒေါ်လာ သန်း ၅၀ ပေးအပ်ကူညီသွားမည်ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြရာမိုဒီက နှစ်နိုင်ငံ၏ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုသည် ပေါင်းကူးတံတားလို ချိတ်ဆက်နေပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ လုံခြုံရေးနှင့် နားလည်မှုရှိခြင်းများကို အလေးထားခြင်းမှာ သဘာဝ ကျကြောင်း၊ သီရိလင်္ကာနိုင်ငံ ကြံ့ခိုင်ပြီးသာယာဝပြောရေးသည် အိန္ဒိယနိုင်ငံအတွက်သာမဟုတ်ဘဲ အိန္ဒိယ သမုဒ္ဒရာဒေသ၏ အကျိုးစီးပွားလည်းဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံသမ္မတသစ်၏ ၃ ရက်တာ နယူးဒေလီ ခရီးစဉ်အတွင်းတွင် ပြောကြားခဲ့သည်။

ဂိုတာဘာယာ ရာဂျာပါ့ခ်ဆာသည် တိုင်းပြည်၏ စီးပွားရေးနှင့်လုံခြုံရေးကိုမြှင့်တင်ပေးမည်ဟူသည့် ကတိကဝတ် များဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်ကကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သူဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာဒေသ ဆက်လက်ငြိမ်းချမ်းစေဖို့ အိန္ဒိယနိုင်ငံနှင့် အနီးကပ်ပူးပေါင်း လုပ်ဆောင်သွားမှာဖြစ် ကြောင်း ရွေးကောက်ခံရပြီးနောက် ပထမဆုံးနိုင်ငံခြားခရီးစဉ်ဖြစ်သည့် နယူးဒေလီခရီးစဉ်တွင် ပြောဆိုခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly