ပြင်သစ်တွင် ရန်ပုံငွေအတွက် ကောင်းကင်ကြိုးတန်းလျှောက်ပြ

ပြင်သစ်တွင် ရန်ပုံငွေအတွက် ကောင်းကင်ကြိုးတန်းလျှောက်ပြ

ပဲရစ်၊ နိုဝင်ဘာ ၂၃ ။           ။ ပြင်သစ်နိုင်ငံ ပဲရစ်ရှိ လာဒီဖန့်စ်အရပ်တွင်  ကောင်းကင်ကြိုးတန်းလျှောက်သူ တစ်ဦးသည် နိုဝင်ဘာ ၂၂ ရက်နေ့က မြေပြင်အထက် ၁၅၀ မီတာအမြင့်တွင် တာဝါနှစ်ခုအကြားကြိုးတန်းပြီး လမ်းလျှောက်ပြခဲ့သည်ဟု AFP သတင်းအရသိရသည်။

အလှူငွေရရန်ထုတ်လွှင့်သည့် Telethon အစီအစဉ်အတွက် ကမ္ဘာ့စံချိန်တင်မှတ်တမ်းများစွာရှိခဲ့သည် အသက် ၂၅ နှစ်အရွယ်ရှိ နေသန်ပေါလင်း၏ ကောင်းကင်ကြိုးတန်းလျှောက်ပြမှုအား ဒရုန်းဖြင့်ရိုက်ကူးခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ပြင်သစ်ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

ဆူးအက် (Suez) ကုမ္ပဏီပိုင်ဆိုင်သည့် CB21 တာဝါနှင့် ကိုအာဒီဖန့်စ်အဆောက်အအုံကြား ကြိုးသွယ်တန်းပြီး ကြိုးနှင့်ချိတ်ဆက်ထားသည့် အန္တရာယ်ကင်းခါးပတ် ပတ်ကာ ကြိုးတန်းလျှောက်ပြခဲ့ခြင်းဖြစ်သည်။

ကျွမ်းကျင်သည့် ကောင်းကင်ကြိုးတန်းလျှောက်သမားများသည် ကြိုး၏ ဗြက် ၂.၅ စင်တီမီတာ၊ ကြိုးအရှည် ၅၁၀ မီတာပေါ်တွင် အမြင့် ၁၅၀ မီတာထက်မနည်းစေဘဲ လျှောက်ရမည်ဖြစ်ကာ အန္တရာယ်ကင်းသောနည်းလမ်းဖြင့် နားနားပြီး လျှောက်နိုင်ကြောင်း သတ်မှတ်ထားသည်။

နေသန်သည် ၂၀၁၇ ခုနှစ်ကလည်း အီဖယ်မျှော်စင်နှင့် ထရီကာဒီရိုရင်ပြင်အကြား Telethon အစီအစဉ်အတွက်‌ ကြိုးတန်းလျှောက်ပြခဲ့သေးသည်။  ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly