တိုင်းရင်းသားတွေမဲ သွားမလုနဲ့ ပြည်မမှာပဲ ကြိုးစားလို့ ဒေါ်အောင်ဆန်းစုကြည်ကို သူရဦးအေးမြင့်ပြော

တိုင်းရင်းသားတွေမဲ သွားမလုနဲ့ ပြည်မမှာပဲ ကြိုးစားလို့ ဒေါ်အောင်ဆန်းစုကြည်ကို သူရဦးအေးမြင့်ပြော

တိုင်းရင်းသားဒေသများသို့ သွားရောက်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး ဟောပြောပွဲများ ပြုလုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားများ၏ မဲဆန္ဒများကို လုမယူသင့်ဘဲ ပြည်မတွင်ပင် ကြိုးပမ်းသင့်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် သူရ ဦးအေးမြင့်က ပြောဆိုလိုက်သည်။

တိုင်းရင်းသားဒေသများသို့ သွားရောက် ဟောပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား မဲဆန္ဒနယ်များတွင်ပါ NLD ဝင်ရောက် ယှဉ်ပြိုင်ခြင်းသည် မဲလုခြင်းဟုတ်ဟု ပြောဆိုမှုအပေါ် ဦးအေးမြင့်က တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

“တိုင်းရင်းသားတွေရဲ့ မဲကို လာလုတာ မဟုတ်ဘူးလို့ ပြောတဲ့စကားကတော့ စဉ်းစား ကြည့်ပေါ့လေ။ လာလုတာ မဟုတ်ရင် ဘာမှ သွားစရာ အကြောင်း မရှိပါဘူး။ ကိုယ့်ဟာကိုယ် ပြည်မမှာပဲ ကြိုးစားဖို့ သင့်တာပေါ့။ ဒါပေမယ့် သွားတယ်ဆိုတော့ တခြား အကြောင်းတစ်ခုတော့ ရှိမှာပါလေ။ စကားကိုတော့ ကျနော်တို့က မယုံကြည်ပါဘူး” ဟု အောက်တိုဘာ ၂၀ ရက် စစ်ကိုင်းမြို့၊ ဆင်များရှင် ဘုရားဝင်းအတွင်း မဲဆွယ်ပြောပွဲအပြီး မီဒီယာများ၏ မေးမြန်းမှုကို ပြောဆို တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားတွေမဲ သွားမလုနဲ့ ပြည်မမှာပဲ ကြိုးစားလို့ ဒေါ်အောင်...

တိုင်းရင်းသားတွေမဲ သွားမလုနဲ့ ပြည်မမှာပဲ ကြိုးစားလို့ဒေါ်အောင်ဆန်းစုကြည်ကို သူရဦးအေးမြင့်ပြော“တိုင်းရင်းသားတွေရဲ့ မဲကို လာလုတာ မဟုတ်ဘူးလို့ ပြောတဲ့စကားကတော့ စဉ်းစား ကြည့်ပေါ့လေ။ လာလုတာ မဟုတ်ရင် ဘာမှ သွားစရာ အကြောင်း မရှိပါဘူး။ ကိုယ့်ဟာကိုယ် ပြည်မမှာပဲ ကြိုးစားဖို့ သင့်တာပေါ့။ ဒါပေမယ့် သွားတယ်ဆိုတော့ တခြား အကြောင်းတစ်ခုတော့ ရှိမှာပါလေ။ စကားကိုတော့ ကျနော်တို့က မယုံကြည်ပါဘူး” သူရ ဦးအေးမြင့်ဆက်ဖတ်ရန် - http://mizzimaburmese.com/article/6304

Posted by Mizzima - News in Burmese on Tuesday, October 20, 2015

ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းများတို့သို့ သွားရောက်ခဲ့ပြီး ရှမ်းပြည်နယ် လားရှိုးသို့လည်း အောက်တိုဘာ ၂၁ ရက်တွင် သွားရောက်ရန် ရှိနေသည်။

ကြံ့ခိုင်ရေးပါတီသည်မူ တိုင်းရင်းသားများကို ဦးစားပေးထားပြီး “ကျနော်တို့ ပါတီက ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ကလည်း တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေကလည်း ကျနော်တို့ကို မဲပေးမယ့် အလားအလာရှိတယ်။ သို့သော်လည်း သူတို့ရဲ့ ပင်ရင်းပါတီကိုတော့ ဦးစားပေးမှာပေါ့လေ။ အကုန်လုံးတော့ မရနိုင်ပါဘူး” ဟုလည်း သူရ ဦးအေးမြင့်က ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူလူထု၏ ထောက်ခံမှုအားကောင်းပြီး “ကျနော်တို့ ပါတီအနေနဲ့ကတော့ တစ်ပြည်လုံးဆိုရင်တော့ သုံးပုံ နှစ်ပုံလောက် (နိုင်ဖို့) မှန်းထားပါတယ်” ဟုလည်း သူရဦးအေးမြင့်က ပြောသည်။ ကြံ့ခိုင်ရေးပါတီသည် သမိုင်ကြောင်းကောင်းသည့်ပါတီဖြစ်ပြီး ပြည်သူ့ဘဝ ဖွံ့ဖြိုးရန် အာမခံသည်ဟုလည်း “အင်နဲ့အားနဲ့ ဆောင်ရွက်နေတဲ့ ပါတီဖြစ်ပါတယ် သမိုင်းကြောင်းလည်း ကောင်းခဲ့ပါတယ်။ ပြည်သူ့ဘဝ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ပြည်ခိုင်ဖြိုးပါတီက လုံးဝ အာမခံပါတယ်” ဟုလည်း သူရ ဦးအေးမြင့်က ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly