နိုဝင်ဘာ ၁၈။ ။ ရုရှားနှင့်ယူကရိန်းအကြား ပဋိပက္ခများကိုဖြေရှင်းကြမည့် ထိပ်သီးဆွေးနွေးပွဲပြင်ဆင်နေစဉ်အတွင်း ရုရှားသည် လွန်ခဲ့သည့်တစ်နှစ်က ဖမ်းဆီးထားသည့် ယူကရိန်းသင်္ဘောများကို ပြန်ပေးမည်ဖြစ် ကြောင်းInterfax သတင်းဌာနက နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်လိုက်သည်။
နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရ ယူကရိန်းသင်္ဘောများကို ကာ့ချ်ဆိပ်ကမ်းမှ လွှဲပြောင်းမည့် နေရာသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးတပ်ဖွဲ့မှ နယ်ခြားစောင့်အရာရှိများက Interfax သတင်းဌာနသို့ပြောသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ကာ့ချ်ရေလက်ကြားကိုဖြတ်သွားသည့် ယူကရိန်းတိုက်ရေယာဉ် နှစ်စီးနှင့် တွန်းသင်္ဘောတစ်စီးတို့ကို ရုရှားတို့က ဖမ်းဆီးခဲ့သည်။
ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် ယူကရိန်းတို့သည် ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးရန် လာမည့်ဒီဇင်ဘာ ၉ ရက်တွင် ပြင်သစ်၌ Normandy Summit ဟုခေါ်သည့် ထိပ်သီး ဆွေး နွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့က ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်က ကြေညာခဲ့သည်။
ထိပ်သီးဆွေးနွေးပွဲမကျင်းပမီ ရှေ့ပြေးလုပ်ရပ်အနေဖြင့် ယူကရိန်းစစ်တပ်နှင့် ရုရှားကျောထောက် နောက်ခံပြုပေးထားသည့် ယူကရိန်းခွဲထွက်ရေးသမားများသည် အောက်တိုဘာလကတည်းက ပဋိပက္ခဖြစ်ပွားနေသည့် ရှေ့တန်းဧရိယာမှ တပ်များဆုတ်ခွာခဲ့သည်။ ။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/