နိုဝင်ဘာ ၁၇။ ။ ဇင်ဘာဘွေနိုင်ငံနှင့် ဇမ်ဘီးယားနိုင်ငံ နယ်စပ်ရှိ ဗစ်တိုးရီးယား ရေတံခွန်ကြီးပေါ်မှ ရေကျဆင်းမှုသည် ယခုအခါ လျော့နည်းလာနေကြောင်း သိရသည်။
အာဖရိကတောင်ပိုင်းတွင် တွေ့ကြုံခံစားနေရလျက် ရှိသည့် မိုးခေါင်မှုကြောင့် အဆိုပါ ရေတံခွန်ကြီးပေါ်မှ ရေကျဆင်းမှုသည် နှစ်ပေါင်း ၂၅ နှစ်အတွင်း အနိမ့်ဆုံးလယ်ဗယ်သို့ လျော့ကျလာခဲ့ခြင်းဖြစ်သည်။
ယခုအခါ ရေတံခွန်ပေါ်မှ ရေကျဆင်းမှုသည် တစ်စက္ကန့်လျင် ၃,၈၅၀ ကုဗပေကို လျော့ကျလာခဲ့ကြောင်း Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ သိရပါတယ်။
စံချိန်တင် အနိမ့်ဆုံးကျဆင်းမှုသည် တစ်စက္ကန့်လျင် ၃,၄၉၆ ပေ ဖြစ်ပြီး ယင်းကို လွန်ခဲ့သည့် ၁၉၈၆ ခုနှစ် အောက်တိုဘာလက မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗစ်တိုးရီးယား ရေတံခွန်ကြီးသည် ကမ္ဘာလှည့်ခရီးသွားများအကြား ကျော်ကြားသည့် ရေတံခွန်တစ်ခုဖြစ်သလို ယူနက်စကို ကမ္ဘာ့ အမွေအနှစ်နေရာလည်းဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/