နိုဝင်ဘာ ၁၆ ။ ။ ဘိုလီးဗီးယားနိုင်ငံ ကိုချာဘမ်ဘာမြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့က သမ္မတဟောင်းအီဗိုမိုရာလက်စ်ကို ထောက်ခံသည့် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားရာ ဆန္ဒပြသူ ၅ ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု AFP သတင်းအရသိရသည်။
ကိုချာဘမ်ဘာရှိ ဆင်ခြေဖုံးရပ်ကွက်မှ ကိုကာစိုက်ပျိုးသူများသည် ကြားဖြတ်သမ္မတ ဂျနင်းအေနက်ဇ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ပူးပေါင်းရန် ၁၁ မိုင်ခန့်ဝေးသည့် မြို့လယ်ခေါင်သို့ ချီတက်ရန်ကြိုးစားစဉ် ပဋိပက္ခများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများသည် လက်နက်များ၊ သေနတ်များ၊ မီးဗုံးများ၊ ကိုယ်တိုင်လုပ် ဘဇူကာဒုံးလောင်ချာများနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကိုသယ်ဆောင်ခဲ့ကြောင်း၊ ဒိုင်းနမိုက်နှင့် Mauser 765 ရိုင်ဖယ်သေနတ်များကို အသုံးပြုကြကြောင်း၊ ရဲနှင့်လက်နက်ကိုင်တပ်ဖွဲ့များပင် ၎င်းလက်နက်မျိုးများ မကိုင်ဆောင်ထားသည့်အတွက် စိုးရိမ်ကြောင်း ကိုချာဘမ်ဘာ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဂျေမီဇူရီတာက ဆိုသည်။
ရဲများသည် စစ်တပ်၊ ရဟတ်ယာဉ်များ၏အကူအညီယူကာ ဆန္ဒပြသူများကို မီးခိုးဗုံးများဖြင့်လူစုခွဲခဲ့သည်။
သမ္မတဟောင်း မိုရာလက်စ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်က ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့ပြီး ဆန္ဒပြမှုများနှင့်ကြုံတွေ့ခဲ့ရသောကြောင့် နှုတ်ထွက်ပြီး မက္ကဆီကိုသို့ထွက်ပြေးသွားခဲ့သည်။
ဆူပူဆန္ဒပြပွဲများစတင်သည့်အချိန်မှစ၍ ယနေ့အချိန်ထိ ၁၅ ဦးသေဆုံးပြီးနှင့် လူပေါင်း ၄၀၀ ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/