နိုဝင်ဘာ ၁၃၊ ။ အင်ဒိုနီးရှားနိုင်ငံရှိ ရဲစခန်းတစ်ခု ပြင်ပတွင် သံသယရှိ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုြဖစ်ပွားခဲ့ရာ တိုက်ခိုက်သူတစ်ဦး သေဆုံးပြီး အခြား လူခြောက်ဦး ထိခိုက်ဒဏ်ရာများ ရသွားကြောင်း အာဏာပိုင်များ က နိုဝင်ဘာ ၁၃ ရက်တွင် ပြောသည်။
အဆိုပါ ပေါက်ကွဲမှုသည် ဆူမားတြားကျွန်း မီဒန်မြို့ရှိ ရဲစခန်းတစ်ခုတွင် ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ ဒါ အသေခံ ဗုံးခွဲမှုလို့ ကျွန်တော်တို့ သံသယရှိထားပါတယ်၊ တိုက်ခိုက်သူတစ်ဦး သေဆုံးသွားပါတယ်” ဟု အင်ဒို အမျိုးသား ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒက်ဒီ ပရာဆက်ယိုက သတင်းထောက်များကို ပြောသည်။
အလားတူ ယင်းဖြစ်စဉ်တွင် ရဲ လေးဦး၊ အရပ်သား နှစ်ဦး စုစုပေါင်း ခြောက်ဦးခန့် ထိခိုက်ဒဏ်ရာရသွားကြောင်း၊ သို့သော် ဒဏ်ရာအခြေအနေ မပြင်းထန်ကြောင်း သိရသည်။ယခု တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကိုလည်း လက်ရှိအချိန်အထိ မသိရသေးပေ။
သို့သော် မွတ်ဆလင်အများစု ရှိရာ ယင်းနိုင်ငံတွင် ရဲစခန်းများသည် မကြာခဏဆိုသလို ပစ်မှတ်ထား တိုက်ခိုက်ခံရလေ့ရှိသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/