မြန်မာနိုင်ငံမှ တောင်ကိုရီးယားကုမ္ပဏီများ ဘင်္ဂလားဒေ့ရှ်သို့ အခြေချလုပ်ကိုင်ရန် စီစဉ်နေသည် ဆိုသည့်သတင်းမှာ မဟုတ်မှန်

မြန်မာနိုင်ငံမှ တောင်ကိုရီးယားကုမ္ပဏီများ ဘင်္ဂလားဒေ့ရှ်သို့ အခြေချလုပ်ကိုင်ရန် စီစဉ်နေသည် ဆိုသည့်သတင်းမှာ မဟုတ်မှန်

ရန်ကုန်၊ နိုဝင်ဘာ ၆ ။       ။ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနေသော တောင်ကိုရီးယားနိုင်ငံမှကုမ္ပဏီ လုပ်ငန်းပေါင်း ၁၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရွှေ့ပြောင်း အခြေချလုပ်ကိုင်ရန် စီစဉ်နေသည်ဆိုသည့် သတင်းများမှာ   မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက သိရသည်။

အဆိုပါကိစ္စအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ ၆ရက်နေ့ တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံပြီး ရှင်းလင်း ပြောကြားခဲ့သည်။

“ဒီနေ့ပဲ ကိုရီးယားစီးပွားရေး သံမှူး နဲ့ကျွန်တော်ဖုန်းနဲ့ ဆက်သွယ်ပါတယ်။ ဒီ အခြေအနေတွေနဲ့ ပက် သက်လို့သူတို့ဘက်က မဟုတ်ဘူးလို့ပြောတယ်။ ကိုရီးယားလုပ်ငန်းရှင်တစ်ယောက်ကဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ သွားပြောတဲ့ သတင်းအပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာတာဖြစ်တယ်လို့ ရှင်းပြပါတယ်။ ဒီဟာ အပေါ်မှာ ရာခိုင်နှုန်းပြည့် မထောက်ခံပါဘူးလို့ပြောပါတယ်။ ဒါကြောင့်ဒီသတင်းက မှားတယ် ဆိုတဲ့ အကြောင်း ကျွန်တော်ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့်  စက်မှုလုပ်ငန်းများအတွက် သင့်တော်သော ပတ်ဝန်းကျင်တစ်ခုမရှိ၍  မြန်မာ နိုင်ငံရှိ ကိုရီးယားကုမ္ပဏီများမှာ ပြောင်းရွှေ့ရန်ဆန္ဒရှိနေကြခြင်း ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် စီးပွားရေး ဇုန်အာဏာပိုင်အဖွဲ့ BEZA မှပြောကြားထားကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုမှ နိုဝင်ဘာ ၅ ရက် နေ့က ဖော်ပြခဲ့သည်။

ယင်းအပြင် စက်ရုံလုပ်ငန်းပေါင်း ၁၀၀ခန့်ကို လက်ခံထားရှိပေးနိုင်မည့် စက်မှုဇုန်တစ်ခုကို ဘင်္ဂလား ဒေ့ရှ်တွင် ထူထောင်ရန် Korea Industrial Complex Co Ltd (KIC) မှစိတ်ဝင်စားမှု ရှိနေသည်ဟု ဖော်ပြထားသည်။အဆိုပါသတင်းနှင့်ပတ်သက်ပြီး ပြည်တွင်းမီဒီယာများက ပြန်လည်ကိုးကားဖော်ပြ မှုများ လည်းရှိခဲ့သည်။

ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံမှဆဋ္ဌမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံ တစ်ခုဖြစ်ပြီး၊ စီမံကိန်း  ၁၇၉ခုအတွက် အမေရိကန်ဒေါ်လာ ၄ ဘီလီယံနီးပါး ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ကိုရီးယားနိုင်ငံအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး၊ စက်မှုဇုန်အနေဖြင့် နှစ်ခုဝင်ရောက် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည်။

ထို့အပြင်ကိုရီးယားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ထပ်မံအဆိုပြုချက်ထားသည့် လုပ်ငန်းများလည်းရှိပြီး၊  လာရောက်စုံစမ်းမေးမြန်းမှုများလည်း မြင့်တက်လာသည်ဟု အဆိုပါဌာနမှ သိရသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ခွင့်ပြုမိန့် ပြန်လည်အပ်နှံပြီး ပြောင်းရွှေ့ သွားသည့်တောင်ကိုရီးယားကုမ္ပဏီမရှိသေးဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly