အောက်တိုဘာ ၃၁ ။ ။ အစ္စလမ္မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့ (အိုင်အက်စ်) ရဲ့ ခေါင်းဆောင် အဘူ ဘာကာ အယ်လ် ဘဂ္ဂဒါဒီ ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တဲ့ အမေရိကန် အထူးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေး ရုပ်သံဗီဒီယိုတစ်ခုကို အောက်တိုဘာ ၃၀ ရက်မှာ ပင်တဂွန် ဌာနချုပ်က ထုတ်ဖော်ပြသခဲ့ပါတယ်။
မကြာသေးခင် ရက်ပိုင်းက အိုင်အက်စ်ခေါင်းဆောင်ရဲ့ ပုန်းခိုရာနေရာကို အမေရိကန် အထူးတပ်ဖွဲ့ ကွန်မန်ဒိုတွေ ဝင်စီးနင်းခဲ့တဲ့ ဗီဒီယိုကို အမေရိကန်တို့က ယခုအခါ ပထမဆုံး ထုတ်ပြလာခဲ့တာဖြစ်ပါတယ်။
ညပိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးကို ဝေဟင်ထက်ကနေ ရိုက်ကူးထားတဲ့ အဖြူအမည်း ဗီဒီယိုကို ပင်တဂွန်က ထုတ်ပြခဲ့တာဖြစ်ပါတယ်။ ယင်း ဗီဒီယိုမှာတော့ ဆီးရီးယား မြောက်ပိုင်းရှိ ဘဂ္ဂဒါဒီရှိရာ အဆောက်အအုံကို နောက်ဆက်တွဲ ဗုံးကြဲတိုက်ခိုက်မှုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
အိုင်အက်စ် ခေါင်းဆောင် ဘဂ္ဂဒါဒီကတော့ ယင်းစစ်ဆင်ရေးအတွင်း အမေရိကန် စစ်ခွေးရဲ့ နောက်ကနေ လိုက်တာကို ဥမင်တစ်ခုထဲ ဝင်ပြေးပြီး အသေခံဗုံးခွဲဝတ်စုံကို ဖောက်ခွဲပြီး အဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်။
ခုလို ဘဂ္ဂဒါဒီကို သုတ်သင်ရှင်းလင်းလိုက်နိုင်ပေမယ့် ၎င်း သေဆုံးသွားပြီးနောက် အကြမ်းဖက်အုပ်စုဘက်ကနေ ပြန်လည် လက်တုန့်ပြန်တိုက်ခိုက်လာနိုင်ေကြာင်း အမေရိကန် စစ်တပ်က ထုတ်ပြန်ထားပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/