တောင်သူများ ဝင်ငွေတိုးပွားရေးနှင့်မျိုးကောင်း မျိုးသန့်များ ရရှိရေးအတွက် ဆွေးနွေးပွဲပြုလုပ်

29 October 2019
တောင်သူများ ဝင်ငွေတိုးပွားရေးနှင့်မျိုးကောင်း မျိုးသန့်များ ရရှိရေးအတွက် ဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများ ဝင်ငွေတိုးပွားစေရန်နှင့် မျိုးကောင်း မျိုးသန့်များရရှိစေရေး ဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကော်မတီမှ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။ အောက်တိုဘာလ ၂၉ ရက် နံနက် ၉ နာရီ ၃၀မိနစ်က မန္တလေးတိုင်းဒေသကြီး လွှတ်တော်သဘင် ခန်းမ တွင်ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊မွေးမြူ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များ၊ တောင်သူလယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကူညီဆောင်ရွက်ပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများနှင့်ဖိတ်ကြားထားသည့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။ ရိုက်ကူး - အောင်ကိုဦး / မဇ္ဈိမ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required