ကျောင်းသား ကျောင်းသူတွေရဲ့ အရည်းအသွေးကိုမြှင့်တင်ဖို့ အတွက် ၂၀၁၉ ဒီဇင်ဘာမှာ နိုင်ငံတကာပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သင်္ကန်းကျွန်းပညာရေးကောလိပ်နှစ်(၅၀)ပြည့် ရွှေရတုအခမ်းအနားမှာ ကျောင်းအုပ်ဆရာမကြီးကပြောကြားလိုက်ပါတယ်။
သင်္ကန်းကျွန်းပညာရေးကောလိပ်ရဲ့ နှစ်(၅၀)ပြည့် ရွှေရတုအခမ်းအနား နဲ့ (၁၈)ကြိမ်မြောက် မြတ်ဆရာ ပူဇော်ပွဲ ကိုအောက်တိုဘာလ ၁၉ရက်နေ့က သင်္ကန်းကျွန်းပညာရေးကောလိပ် မှာကျင်းပပြုလုပ်ခဲ့ပါတယ် အခမ်းအနားကို ကျောင်းတာဝန်ရှိသူများနှင့် ဆရာဆရာမများ ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်
ရိုက်ကူး/တည်းဖြတ် - ဝင်းလှိုင်