မြိတ်၊ အောက်တိုဘာ (၆) ။ ။ မြိတ်မြို့တွင် အဖွဲ့ပေါင်းစုံ ပါဝင်သော ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဖြစ်သည့် ယာဉ်မတော်တဆမှု နှင့် အထပ်မြှင့် မီးငြိမ်းသတ် ကယ်ဆယ်ရေး လုပ်ငန်း ဇာတ်တိုက် လေ့ကျင့်မှုကို အောက်တိုဘာ (၆) ရက်နေ့ နံနက်ပိုင်းက လေယာဉ်ကွင်း အနီးရှိ တြိဂံဒေါင့်စွန်း ပန်းခြံတွင် ပြုလုပ်ခဲ့သည်။
“ကျွန်တော်တို့ ဇာတ်တိုက် လေ့ကျင့်မှုမှာ လုပ်ငန်းစဉ် နှစ်ခု ဖြစ်တဲ့ ရှာဖွေ ကယ်ဆယ်ရေးမှာ ကား Accidend ဖြစ်တဲ့ ဖြစ်စဉ်နဲ့ အထပ်မြှင့် မီးငြိမ်းသတ်ယာဉ်မှာ လူနာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပါဝင်တာ ဖြစ်တယ်”ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ပြောဆို သည်။
အဆိုပါ ဇာတ်တိုက် လေ့ကျင့်မှုတွင် ခရိုင်နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့မှ သန္ဓေတပ်ဖွဲ့ဝင် (၂၅) ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၇၅) ဦး၊ ရဲတပ်ဖွဲ့ဝင် (၂၁) ဦး၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် (၁၂) ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် (၇) ဦး၊ လူမှုကူညီရေးအ သင်းများမှ (၅၀) ဦး စုစုပေါင်း အင်အား (၁၉၀) ဦးနှင့် ဗဟို မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ် စီး၊ ရေသယ်ယာဉ်နှစ်စီး၊ ရှာဖွှေ ကယ်ဆယ်ရေး ယာဉ် တစ် စီး၊ လှေကားတင် ယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး၊ လူနာတင်ယာဉ် တစ် စီး၊ လူမှုကူညီရေး အသင်းများမှ လူနာတင်ယာဉ် (၁၀) စီး၊ ထားဝယ်စု အရန်မီးသတ်စ ခန်းမှ လူနာတင်ယာဉ် တစ် စီးနှင့် ကြက်ခြေနီ တပ်ဖွဲ့မှ လူနာတင်ယာဉ် တစ်စီး၊ စုစုပေါင်း (၂၀) စီးတို့ဖြင့် ရှာဖွှေ ကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ် ခဲ့ကြသည်။
လာမည့် ပွင်းလင်း ရာသီတွင် အချိန်နှင့် တပြေးညီ ဖြစ်ပေါ်လာ နိုင်သည့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို ကြိုတင် ပြင်ဆင်မှု အနေဖြင့် ပြုလုပ်နေခြင်း ဖြစ်သည်။