ယူကရိန်းမှာ လေယာဉ်ပျက်ကျ၍ လူ ငါးဦး သေဆုံး

ယူကရိန်းမှာ လေယာဉ်ပျက်ကျ၍ လူ ငါးဦး သေဆုံး

ကီးယက်၊ အောက်တိုဘာ ၅ ။         ။ ယူကရိန်းနိုင်ငံ အနောက်ပိုင်းက အယ်ဗစ်လေဆိပ်နားမှာ Antonov-12 သယ်ပို့လေယာဉ် ကုန်းမြေပေါ် ပျက်ကျရာမှာ လူအနည်းဆုံး ငါးဦး သေဆုံးပါတယ်။

Ukraine Air Alliance လေကြောင်းလိုင်းက ဒီ လေယာဉ်ဟာ စပိန်နိုင်ငံ ဗီဂိုကနေ အစ္စတန်ဘူလ်ဆီ ပျံသန်းတဲ့ ခရီးစဉ်မှာ ခရီးတစ်ထောက်နားရာအဖြစ် အယ်ဗစ်လေဆိပ်ဆီ ဆင်းသက်ဖို့ ပျံသန်းစဉ် ဆီပြတ်သွားတာကြောင့် ဖြစ်တယ်လို့ ယူကရိန်း အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ကြီး ဗလာဒီစလက်ကရစ်လိုင်းက ပြောပါတယ်။

အဲဒီ လေယာဉ်ပေါ်မှာ အမှုထမ်း ခုနစ်ဦးနဲ့ ကုန်တွေကို လိုက်ပါစောင့်ရှောက်သူ တစ်ဦး စီးနင်းခဲ့တာဖြစ်တယ်လို့ အရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီ သယ်ပို့လေယာဉ်မှာ ဘယ်လိုကုန်တွေ တင်ဆောင်လာတယ်ဆိုတာကိုတော့ မသိရသေးပါ။

ဒီ လေယာဉ်ဟာ စစ်တပ်ကုန်တင်လေယာဉ်ဖြစ်တယ်လို့ ယူကရိန်းက Unian သတင်းဌာနက ဖော်ပြပါတယ်။ အယ်ဗစ်လေဆိပ်မှာ ဆီဖြည့်ဖို့ စီစဉ်ထားရာကနေ ခုလို ပျက်ကျမှုဖြစ်တာပါ။

ဆိုဗီယက်ထုတ် အင်ဂျင်လေးလုံတပ် အဲဒီ လေယာဉ်ဟာ အယ်ဗစ်နိုင်ငံတကာလေဆိပ်ဆီ ချည်းကပ်လာချိန် ဒေသစံတော်ချိန် ၇ နာရီ ၁၀ မိနစ်မှာ ရေဒါက ပျောက်ကွယ်သွားတာပါ။ လေဆိပ်ကနေ တစ်မိုင်လောက်အကွာမှာ ပျက်ကျတာဖြစ်ပြီး မီးလောင်ကျွမ်းမှု မရှိပါ။

ဘောလုံးကွင်းနဲ့ သင်္ချိုင်းတစ်ခုအနီးက မြေပြင်မှာ ပျက်ကျတာဖြစ်ပါတယ်။ ဒီ လေယာဉ်ပျက်ကျမှုကြောင့် အယ်ဗစ်လေဆိပ်ကို ပိတ်ထားခဲ့ရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly