အောက်တိုဘာ ၃ ။ ။ ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်တစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက အတည်ပြုလိုက်ပါတယ်။
အောက်တိုဘာ ၂ ရက်က စမ်းသပ်လုပ်ဆောင်မှုကတော့ မေလက လုပ်ဆောင်ခဲ့တဲ့ တာတိုစမ်းသပ်မှုတွေကနေ ထင်ထင်ရှားရှား အရှိန်မြင့်လုပ်ဆောင်လာမှုလည်း ဖြစ်ပါတယ်။
ယခု တစ်ကြိမ် စမ်းသပ်တဲ့ ဒုံးကတော့ နျူကလီးယားလက်နက် သယ်ဆောင်နိုင်မှာ ဖြစ်ပြီး ယခုနှစ်အတွင်း မြောက်ကိုရီးယားတို့ရဲ့ ၁၁ ခုမြောက် စမ်းသပ်မှုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ယခုတစ်ကြိမ် စမ်းသပ်ခဲ့တဲ့ ဒုံးကျည်ကတော့ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်စွမ်း ရှိတဲ့ ဒုံးကျည်အမျိုးအစားဖြစ်ကြောင်း မြောက်ကိုရီးယားတို့က အတည်ပြုပါတယ်။
မြောက်ကိုရီးယားတို့ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ကီလိုမီတာ ၄၅၀ (မိုင် ၂၈၀) ခန့် ပျံသန်းသွားခဲ့ပြီး ယင်းနောက် ဂျပန် ပင်လယ်တွင်းသို့ ကျသွားခဲ့ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများက ပြောထားပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/