စင်္ကာပူရောက် ကြိုတင်မဲ ပေးသူများ အချိန်ပိုပေးရန် တောင်းဆို

စင်္ကာပူရောက် ကြိုတင်မဲ ပေးသူများ အချိန်ပိုပေးရန် တောင်းဆို
ဓာတ်ပုံ -  Lynn Lynn

စင်္ကာပူရောက် မြန်မာများ ယနေ့ စင်္ကာပူနိုင်ငံရှိမြန်မာသံရုံး၌ စတင်၍ ကြိုတင်မဲပေးခဲ့ပြီး အချိန်မလောက်မှုကြောင့် အချိန်ပိုပေးရန်တောင်းဆိုခဲ့ကြသည်ဟု စင်္ကာပူရောက် မြန်မာတစ်ဦးက ပြောသည်။

'' ၁ နာရီကို ၁၆၀ ဦး လောက်သာ မဲပေးခွင့်ရတော့ ၄ ရက်ထဲဆိုတာ မဖြစ်နိုင်ပါဘူး။ ညနေ ၄နာရီခွဲမှာ သံရုံး အရှေ့တံခါးပိတ်ဖို့ စီစဉ်ပါတယ်။ ဒါပေမယ့် သံရုံးရှေ့ရောက်ဖို့ အချိန် ၃ နာရီကျော်ကြာ နေပူထဲ ကနေတန်းစီလာတဲ့သူတွေ အဆင်မပြေဖြစ်လို့ သတ်မှတ်တဲ့နေရာထိ သွားပါတယ်။ သံရုံးကလည်း ရှင်းပြတယ်၊ သူ့လူတွေ တစ်ညလုံးအလုပ်လုပ်ထားရလို့ သံရုံးထဲဝင်တဲ့သူတွေ အပြီးထိတောင် ၁ နာရီကျော် အချိန်ပေးရဦးမှာလို့ပြောတယ်။ နောက်ဆုံး နှစ်ဘက်ညှိနှိုင်းပြီးတော့ လုပ်ပေးရှာပါတယ် ညနေ ၅ နာရီကျော်အထိ မဲပေးဖို့ အချိန်ပိုပေးနိုင်ရေး တောင်းဆိုနေကြတာပါ။'' ဟု အချိန် ၄ နာရီ ကျော်စောင့်ဆိုင်းခဲ့ရပြီးမှ မဲပေးခဲ့သူ မလင်းလင်းက မဇ္ဈိမသို့ပြောသည်။

သံရုံးရှ့တွင် လာရောက်မဲပေးသူ ၁၅၀၀ ဦး ကျော်နေပူထဲတွင် တန်းစီခဲ့ကြပြီး တစ်ချို့မှာ အချိန်ပို ပေးရန် သံရုံးတာဝန်ရှိသူများထံသွားရောက် ညှိနှိုင်းခဲ့ကြသည်ဟု ၎င်းကဆိုသည်။

တန်းစီနေသူများအား ရေ၊ ခေါက်ဆွဲကြော်၊ ချိုချဉ်များလာရောက် လှူဒါန်းသူများ၊ မဲပေးမည့်သူများ အား မဲပေးနည်းလမ်းညွှန်ပေးသူများ၊ မဲပေးပြီးပြန်ထွက်လာသူများအား Survey ကောက်ခံသူများနှင့် မီဒီယာများရှိနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly