“သူများနိုင်ငံတွေလို ဖွံ့ဖြိုးတိုးတက်ချင်တယ်။ ဒါပေမယ့် သူများနိုင်ငံတွေလို တိုက်တွေအမြင့်ကြီးပေါ့၊ အရင်ကတော့ လေးငါးထပ်ပဲရှိတာလေ။ အဲ့ဒါကို အခုအထပ် ၂ဝ တို့ဘာတို့ဆောက်ရင်လည်း တကယ်ငလျင်လှုပ်ရင် စံချိန်မှီတဲ့ အဆောက်အဦတွေဖြစ်ဖို့လိုတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီးတော့ သူများလို တိုက်တွေ ထိုးထိုးထောင်ထောင် လိုက်ဆောက်နေမယ့်အစား ဖြစ်လာခဲ့သော် လူတွေရဲ့အသက်ကို ဘယ်လိုကယ်တင်မလဲ၊ အမြန်ဆုံးဆေးရုံရောက်အောင်ဘယ်လိုပို့မလဲဆိုတဲ့ ပစ္စည်းတွေပြည့်စုံမှုကို အရင်စုဖို့လိုတယ်။ သင်တန်းတွေအရင်ပေးဖို့လိုတယ်လို့ပဲ ပြောချင်ပါတယ်” လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဒေဝီသန့်စင် က ပြောပါတယ်။
ရိုက်ကူး /. တည်းဖြတ် - ဖူးအိအိနွယ်