စက်တင်ဘာ ၁၂ ၊ ၂၀၁၉ ။ ။ အင်ဒိုနီးရှားနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ခေတ်တစ်ခေတ်ကို ဖွင့်လှစ်ပေးခဲ့သူ သမ္မတဟောင်း ဘီဂျေ ဟာဘီဘီဟာ ယမန်နေ့ စက်တင်ဘာ ၁၁ ရက်က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ၎င်းရဲ့ မိသားစုနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကွယ်လွန်ချိန်မှာ ၎င်းဟာ အသက် ၈၃ နှစ် ရှိပြီ ဖြစ်ပါတယ်။
သမ္မတဟောင်း ဟာဘီဘီကတော့ နိုင်ငံမှာ ကာလကြာ အုပ်ချုပ်နေခဲ့တဲ့ အာဏာရှင် ဆူဟာတို ပြုတ်ကျသွားပြီးနောက် အာဏာရခဲ့ပြီး ဒီမိုကရေစီ နိုင်ငံ ထူထောင်ခဲ့သူ ဖြစ်ပါတယ်။
ဟာဘီဘီ ဟာ နှလုံးရောဂါ ခံစားနေခဲ့ရပြီး ဂျကာတာမြို့ စစ်ဆေးရုံတစ်ရုံမှာ တက်ရောက်ကုသနေရင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
သမ္မတဟောင်း ဟာဘီဘီ ကွယ်လွန်မှုကို လက်ရှိ သမ္မတ ဂျိုကိုဝီ ဒိုဒိုက ရုပ်သံကနေ ကြေညာခဲ့ရာမှာတော့ ဟာဘီဘီဟာ ကမ္ဘာ့အဆင့် သိပ္ပံပညာရှင်တစ်ဦး ဖြစ်ပြီး အင်ဒိုနီးရှား နည်းပညာရဲ့ ဖခင်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ဟာဘီဘီဟာတော့ အာဏာရှင် ဆူဟာတိုရဲ့ ဒုသမ္မတ ဖြစ်ပြီး နှစ်လအကြာ ၁၉၉၈ ခုနှစ်မှာပဲ အင်ဒိုနီးရှားရဲ့ တတိယမြောက် သမ္မတအဖြစ် ကျမ်းကျိန်ခဲ့တာဖြစ်ပါတယ်။ သမ္မတရာထူးကို ၁၇ လကြာသာ ထမ်းဆောင်ခဲ့ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/