စက်တင်ဘာ ၂ ။ ။ ထောင်ပေါင်းများစွာသော ဟောင်ကောင် အလယ်တန်းနဲ့ တက္ကသိုလ် ကျောင်းသား၊ သူတွေဟာ စက်တင်ဘာ ၂ ရက်မှာ စာသင်ခန်းတွေကို ဆန့်ကျင်တဲ့ သပိတ်မှောက်ပွဲတွေကို ဆင်နွှဲခဲ့ကြတဲ့အတွက် အကျပ်အတည်းအောက် ရောက်နေတဲ့ ဟောင်ကောင် အာဏာပိုင်တွေအပေါ် ဖိအားတွေ ပိုတိုးစေခဲ့ပါတယ်။
ဟောင်ကောင်မြို့တွင်းက အလယ်တန်းကျောင်းပေါင်း ၂၀၀ လောက်က ကျောင်းသား၊ သူ ၁၀,၀၀၀ လောက်ဟာ ယခု စာသင်နှစ်သစ်ရဲ့ ပထမဆုံးရက်မှာပဲ စာသင်ခန်းတွေဆီ မသွားခဲ့ကြဘူးလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဒါဟာ မြို့တွင်းမှာ ကြီးမားတဲ့ လူထုချီတက်ပွဲ လုပ်ဆောင်ဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ထွက်ပေါ်နေချိန်မှာ ယခုလို ကျောင်းသားသပိတ်ပွဲ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
ဟောင်ကောင်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သီတင်းပတ်များစွာအကြာ အဆိုးဆုံးအဖြစ် ရဲနဲ့ ဆန္ဒပြသူတွေအကြား ထိပ်တိုက်တွေ့မှုတွေကို မြင်တွေ့ထားခဲ့ရကာ အခြေအနေတွေ ဆိုးဝါးနေခဲ့ပါတယ်။