အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ( NEP )ဖြင့်လုပ်ဆောင်နေသည့် ကျေးရွာများအတွက် လျှပ်စစ်ဓါတ်အား အမြန်ရရှိရေး ဆောင်ရွက် နေကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဝန်ကြီး ဦးဝင်းဌေး ကပြောသည်။
“NEP စီမံကိန်း အမြန်ပြီးစီးရေးအတွက် စဉ်ဆက်မပြတ် မြန်မြန်ပြီးစီးရေးပေါ့နော်၊ကျွန်တော်တို့တိုင်း လျှပ်စစ် ပိုရရှိရေး အရေးကြီးပါတယ်။ လွှတ်တော်ရေးရာကော်မတီနဲ ့ရော မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတွေနဲ့ပါ အစည်း အဝေးလုပ်တယ်။ NEP က နှစ်မိုင်ပတ်လည်ပြီးသွားရင် ငါးမိုင်ပတ်လည်ရရှိမယ်။ ရွာတွေရွေးချယ်မှုတွေ စိစစ်မှု ကို စဉ်ဆက်မပြတ်လုပ်နေပါတယ်။ စာရင်းအတိအကျထွက်လာပါလိမ့်မယ်။ ကျွန်တော်က ပြည်ထောင်စုကို ဆက်တင်ပြပေးပါမယ်”ဟု ဦးဝင်းဌေးက ပြောသည်။
အဆိုပါ စီမံကိန်းကြောင်း ဧရာဝတီတိုင်းဒေသကြီးတွင် ကျေးရွာ၆၀၀ လျှပ်စစ်မီးရရှိရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။
ရိုက်ကူး - စည်သူမောင်မောင်