ဟောင်ကောင်ရှိ မိုးမျှော်တိုက်တစ်ခုပေါ် တွယ်တက်ခဲ့တဲ့ ပြင်သစ် ပင့်ကူလူသား

ဟောင်ကောင်ရှိ မိုးမျှော်တိုက်တစ်ခုပေါ် တွယ်တက်ခဲ့တဲ့ ပြင်သစ် ပင့်ကူလူသား

သြဂုတ် ၁၆ ။             ။ ပြင်သစ် ပင့်ကူလူသားလို့ လူသိများတဲ့ အသက် ၅၇ နှစ်အရွယ် အလိန်း ရောဘတ်ကတော့ သြဂုတ်လ ၁၆ ရက်က ဟောင်ကောင်ရှိ အထပ်မြင့်အဆောက်အအုံတစ်ခုအပေါ် တွက်တက်ခဲ့ပါတယ်။ ၎င်းဟာ ယင်းမိုးမျှော်တိုက်ပေါ် တွက်တက်ပြီး “ငြိမ်းချမ်းရေး စာတန်းပိုစတာ” တစ်ခုကိုပါ ဖြန့်ချပြခဲ့ပါတယ်။

ဘဏ္ဍာရေးဗဟိုဌာန ဟောင်ကောင်ကတော့ လက်ရှိအချိန်မှာ သမိုင်းဝင် နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ကြုံတွေ့နေလျက် ရှိပါတယ်။

လူစွန့်စား အလိန်းရောဘတ်ကတော့ ယခင်ကလည်း ခုလို အထပ်မြင့် အဆောက်အအုံတွေအပေါ် ခွင့်ပြုချက်မတောင်းဘဲ လက်ချည်းဗလာ တွက်တက်ခဲ့သူဖြစ်ပါတယ်။

၎င်းကတော့ သောကြာနေ့ မနက်ခင်းမှာ ဟောင်ကောင်ရဲ့ အဓိက စီးပွားရေးရပ်ကွက်တစ်ခုရှိ အထပ်ပေါင်း ၆၈ ထပ်မြင့်တဲ့ Cheung Kong စင်တာ အဆောက်အအုံပေါ် တက်ခဲ့တာဖြစ်ပါတယ်။

ယင်း အဆောက်အအုံပေါ် တွက်တက်ခဲ့စဉ်မှာ ၎င်းဟာ ဟောင်ကောင်နဲ့ တရုတ်အလံတွေ ပါရှိပြီး လက်ဆွဲနှုတ်ဆက်နေတဲ့ သင်္ကေတ ပါ ပိုစတာတစ်ခုကို ချိတ်ဆက်ပြသသွားခဲ့ပါတယ်။

ယခု တက်ခဲဲ့တဲ့ Cheung Kong စင်တာကို ၎င်းဟာ ယခင်ကလည်း နှစ်ခါ တက်ခဲ့ဖူးတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly