မက္ကဆီကို ဒင်္ဂါးတိုက် ဓားပြတိုက်ခံရ

မက္ကဆီကို ဒင်္ဂါးတိုက် ဓားပြတိုက်ခံရ

မက္ကဆီကိုစီးတီး၊ သြဂုတ် ၇ ။       ။ မက္ကဆီကိုက ဒင်္ဂါးတိုက်ကို လက်နက်ကိုင်တွေ ဓားပြဝင်တိုက်ပြီး အထိမ်းအမှတ် ရွှေဒင်္ဂါးတွေ အမေရိကန်ဒေါ်လာ နှစ််သန်းကျော်ဖိုးကို ဓားပြတိုက်ယူသွားပါတယ်။

မက္ကဆီကိုစီးတီးမြို့တော်မှာ ရှိတဲ့ ကာဆာဒီမွန်နီဒါ ဒင်္ဂါးသိုက်မှာ အစောင့်တွေကို လက်နက်ကိုင်နှစ်ဦးက ခြိမ်းခြောက်ပြီး ငွေတိုက်ထဲက ဒင်္ဂါးပြားပေါင်း ၁၅၀၀ ကျော်ကို  ဓားပြတိုက်ယူသွားတာလို့ ရဲက ပြောပါတယ်။

ရဲတပ်ဖွဲ့ ရောက်လာချိန်မှာ ဒီဓားပြတွေဟာ ဆိုင်ကယ်နဲ့ မောင်းပြေးသွားကြပါတယ်။ ဒီ ဓားပြတိုက်မှုမှာ ဒဏ်ရာရသူတော့ မရှိပါ။

အခု ဓားပြတိုက်ခံရတဲ့ ရွှေဒင်္ဂါးတွေဟာ centenarios လို့ သိထားကြတဲ့ စပိန်လက်အောက်က မက္ကဆီကို လွတ််လပ်ရေးရတဲ့ ရာပြည့်အဖြစ် သွန်းလုပ်ထားတဲ့ ရွှေဒင်္ဂါးတွေပဲ ဖြစ်ပါတယ်။

အခု ဓားပြနှစ်ဦးမှာ တစ်ဦးကပဲ သေနတ်ပါလာခဲ့တာဖြစ်ပြီး အင်္ဂါနေ့ နံနက်ပိုင်းမှာ ဒင်္ဂါးတိုက်ကို ဓားပြဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ဓားပြတွေဟာ အစောင့်တစ်ဦးကို သေနတ်နဲ့ ချိန်လို့ ခြိမ်းခြောက်ပြီး အစောင့်ရဲ့ သေနတ်ကို သိမ်းယူကြောင်း၊ ဒီအချိန်မှာ တံခါးဖွင့်ထားတဲ့ ငွေတိုက်ဆီ ဓားပြတစ်ဦးက တန်းတတန်းမတ်မတ် သွားပြီး ရွှေဒင်္ဂါးတွေ သိမ်းဆည်းရယူသွားတာဖြစ်ကြောင်း ရဲက ပြောပါတယ်။

အခု ဓားပြမှုမှာ ဒင်္ဂါးတိုက်က ဝန်ထမ်းတချို့ ပါဝင်နေဖွယ် ရှိတယ်လို့ ထောက်လှမ်းရေးက ယူဆထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly