လိင်စိတ်ခံယူမှု ကွဲပြားခြင်းအပေါ် လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်လှောင်ပြောင်ခံရပြီးနောက် သတ်သေသွားခဲ့တယ် ဆိုတဲ့ ကိုကျော်ဇင်ဝင်းသေဆုံးမှုကို လက်ရှိမှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး တွေ့ရှိချက်တွေကို သြဂုတ်လ ဒုတိယအပတ်လောက်မှာ ထုတ်ပြန်မှာပါ။
ဆရာဝန်ဆေးစာအရ အဆိပ်ရှိသောဆေးဝါး သောက်သုံးမှု ကြောင့် သေဆုံးတာဖြစ်ပြီး၊ တစ်ဦးတစ်ယောက်ရဲ့ ပယောဂမပါဝင်ဘဲ သေဆုံးတာဖြစ်လို့ ဥပဒေကြောင်းအရ အရေးယူဖို့မရှိဘူးလို့ သာကေတမြို့မရဲစခန်းမှ သိရပါတယ်။
ကိုကျော်ဇင်ဝင်းသေဆုံးမှုကို လူ့အခွင့်အရေးအရမျှတမှုရရှိစေဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်ပြီး၊ မရခဲ့ရင်တော့ ဆက်လက် တိုက်တွန်းလုပ်ဆောင်သွားမယ်လို့ Equality Myanmar မှ ဦးအောင်မျိုးမင်းက ပြောပါတယ်။
မသေဆုံးခင်အထိတော့ ကိုကျော်ဇင်ဝင်းဟာ (Myanmar Imperia University) MIU ကျောင်းမှာ စာကြည့်တိုက်မှူးအဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
ရိုက်ကူး၊ တည်းဖြတ် - ကရိုင်နူးရာ