နီပေါနိုင်ငံရေး စိန်ခေါ်မှုများကြားက ဝန်ကြီးချုပ်အသစ်အဖြစ် ခါဒဂါပရာဆက်အိုလီအား လွှတ်တော်က ရွေးကောက်တင်မြှောက်လိုက်သည်။
လွှတ်တော်တွင် မဲ ၅၉၇ မဲတွင် ၃၃၈ မဲဖြင့် အိုလီက ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း လွှတ်တော်ဥက္ကဌဖြစ်သူက ကြေညာလိုက်သည်။
ပါလီမန်လွှတ်တော်တွင် ယခုကဲ့သို့ ရွေးကောက်ခံရခြင်းသည် ဂုဏ်ယူဖွယ်လည်းဖြစ်သကဲ့သို့ စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်သည်ဟု ထောက်ခံသူများအား ဝန်ကြီးချုပ်သစ် အိုလီက ပြောကြားသည်။
နီပေါခေါင်းဆောင်သစ်အဖြစ် ဝန်ကြီးချုပ်အိုလီအတွက် နိုင်ငံတွင်း ဖွဲ့စည်းပုံနှင့် ပတ်သက်ကာ ဖြစ်ပွားဆဲ ဆန္ဒပြသမှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဧပြီလက အပြင်းအထန်ကြုံတွေ့ခဲ့ရသည့် ငလျင်ဒဏ်နှင့် လောင်စာပြတ်တောက်မှုများမှ နိုင်ငံပြန်လည်ထူထောင်ရေး စိန်ခေါ်မှုများက အသင့်စောင့်ကြိုလျက်ရှိသည်။
မော်ဝါဒီနှင့် ဗဟိုဝါဒီများ၏ ကျောထောက်နောက်ခံပြုမှုရရှိသည့် အိုလီသည် ဖွဲ့စည်းပုံသစ်ပြဌာန်းပြီးနောက် ရွေးချယ်ခံဝန်ကြီးချုပ်အဖြစ် ယခင်ဝန်ကြီးချုပ်ဟောင်း ဆူရှယ်ကိုအီရာလာကို အနိုင်ရကာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။
Ref: BBC