ဇူလိုင် ၁၆ ။ ။ အင်ဒိုနီးရှားနိုင်ငံ အားလပ်ရက် အပန်းဖြေကျွန်း ဘာလီမှာ ဇူလိုင် ၁၆ ရက်က အားပြင်း မြေငလျင်တစ်ခု လှုပ်ခဲ့ရာ ဒေသခံတွေ အထိတ်တလန့် ထွက်ပြေးခဲ့ကြရကြောင်း သိရပါတယ်။
ငလျင်ကြောင့် အဆောက်အအုံအများအပြားလည်း ပျက်စီးသွားတယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေး အဖွဲ့က ပြောပါတယ်။
ပြင်းအား ၅ ဒသမ ၇ အဆင့်ရှိ ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၇ နာရီ ၁၈ မိနစ်က လှုပ်ခဲ့တာဖြစ်ပြီး ကျွန်းရဲ့ မြို့တော် ဒန်ပါဆာရဲ့ အနောက်တောင်ဘက် ၈၂ ဒသမ ၁ ကီလိုမီတာ အကွာနေရာကို ဗဟိုပြုခဲ့တာဖြစ်ကြောင်း USGS ရဲ့ အဆိုအရ သိရပါတယ်။
ဂျာဗားကျွန်းပေါ်ကနေတောင် သိရှိခံစားခဲ့ရတဲ့ ယင်းငလျင်ဟာ အနက် ၉၁ ကီလိုမီတာ ရှိခဲ့ကြောင်း သိရပါတယ်။
ငလျင် လှုပ်ပြီးနောက် ဆူနာမီ သတိပေးချက်တော့ ထုတ်ပြန်ခဲ့ရခြင်း မရှိပါဘူး။
ငလျင် လှုပ်ချိန်မှာ ကြောက်လန့်တကြား ဖြစ်ခဲ့ကြရပုံတွေကို ဘာလီ ဒေသခံတွေက ပြန်လည်ပြောဆိုမှုတွေ ရှိနေခဲ့ပါတယ်။