တူရကီမှာ ဆီးရီးယားဒုက္ခသည်တွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာ၍ စိုးရိမ်ကြောက်လန့်မှုတွေ မြင့်တက်

တူရကီမှာ ဆီးရီးယားဒုက္ခသည်တွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာ၍ စိုးရိမ်ကြောက်လန့်မှုတွေ မြင့်တက်

အစ္စတန်ဘူလ်၊ ဇူလိုင် ၁၀ ။         ။ တူရကီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်တွေကို အများဆုံး လက်ခံရာ နိုင်ငံဖြစ်ပြီး ဆီးရီးယားဒုက္ခသည်ပေါင်း ၃ ဒသမ ၅ သန်းကို နိုင်ငံထဲမှာ လက်ခံထားပြီး ဒီအထဲက ငါးသိန်းနီးပါးဟာ မြို့တော် အစ္စတန်ဘူလ်မှာ ရှိနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် မကြာသေးမီက ဖြစ်ပွားတဲ့ ဆူပူအကြမ်းဖက်မှုတွေမှာ တူရကီနိုင်ငံက ဒုက္ခသည်တွေနဲ့ ၎င်းတို့ရဲ့ လုပ်ငန်းတွေကို တိုက်ခိုက်ခံလာရတာတွေကြောင့် စိုးရိမ်ကြောင့်လန့်မှုတွေ အရှိန်မြင့် ဖြစ်ပွားလာပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အစ္စတန်ဘူလ်က လုပ်ငန်းကိုင်ငန်းတွေ ရှိရာ အရပ်မှာ ဆီးရီးယားဆိုင်တွေကို တူရကီလူအုပ်တစ်အုပ်က ဝင်ရောက်ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

“ကျွန်တော် ဒီမှာ ရောက်နေတာ ခြောက်နှစ် ရှိပါပြီ။ ကျွန်တော် ဆံသဆိုင်အပြင်မှာ လူတွေ ရုတ်တရက်စုရုံး ရောက်လာပြီး စတင်တိုက်ခိုက်တော့တာပါပဲ။”လို့ တူရကီမှာ အခြေစိုက်ပြီး ဆံသဆိုင်ဖွင့်လှစ်ထားတဲ့ အာမတ်ဆိုတဲ့ ဆီးရီးယားဒုက္ခသည်က ပြောပါတယ်။

ဆီးရီးယားမှာ ၂၀၁၁ ကစတင်လို့ စစ်ပွဲပဋိပက္ခတွေ ဖြစ်ပွားချိန်ကစပြီး တူရကီဟာ ဒုက္ခသည်တွေကို ခေါ်ယူလက်ခံထားခဲ့တာပါ။ ဆီးရီးယားဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေး အခမဲ့ ပေးထားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တိုးပွားလာတဲ့ ဒုက္ခသည် ဦးရေဟာ တူရကီနိုင်ငံရဲ့ ဆိုးဝါးလာနေတဲ့ စီးပွားရေး အခြေအနေကြားမှာ မြေစာပင် ဖြစ်လာခဲ့ပါတယ်။

အလုပ်လက်မဲ့ နှုန်း မြင့်တက်တာနဲ့ ငွေကြေးဖောင်းပွမှု ကြီးမားတဲ့ ဒဏ် ကြုံတွေ့နေရတဲ့ တူရကီနိုင်ငံမှာ ဆီးရီးယားဒုက္ခသည်တွေကို စိတ်ဆိုးဒေါသထွက်ပြီး ခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly