" ဒီကလေးတွေရဲ့ အနာဂတ်ကို ဖျက်စီးသလို သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ လေးဘက်လေးလံ ကာရံထား တဲ့နေရာမှာ တစ်သက်လုံး သေသွားတဲ့အထိ လုံးဝကို မလွှတ်သင့်ဘူးလို့ ကျွန်တော်တို့ ထင်တယ်"
~ ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ပြည်သူတစ်ဦး
နေပြည်တော် Wsdom Hill မူကြိုကျောင်းမှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရမှုအပါအဝင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်အပြစ်မပေးနိုင်ပါက ထောင် တစ်သက် လွတ်ရက်မရှိ ချမှတ်သင့်ကြောင်း ပြည်သူအချို့က ပြောဆိုလိုက်သည်။
ထောင်နှင့်ချီသည့် လူများက ဇူလိုင်လ ၆ ရက်နေ့၊ နံနက် ၉ နာရီမှ စတင်ကာ အဖြူရောင်အကျႌများ ဆင်တူ ဝတ်ဆင်ပြီး ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းရှိ ကျောက်တော်ကြီးဘုရားစုရပ်မှ စတင်ထွက်ခွာကာ အင်းစိန် CID ရုံးရှေ့သို့ ကြွေးကြော်သံများ နှင့်အတူ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြပြီးနောက် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)