ဟွန်ဒူးရပ်စ်မှာ တံငါလှေ နစ်မြုပ်ပြီး လူ ၂၇ ဦး သေဆုံး

ဟွန်ဒူးရပ်စ်မှာ တံငါလှေ နစ်မြုပ်ပြီး လူ ၂၇ ဦး သေဆုံး

တက်ဂူဆီလ်ဂါလ်ပါ၊ ဇူလိုင် ၅ ။         ။ ဟွန်ဒူးရပ်စ်ကမ်းခြေမှာ ငါးဖမ်းစက်လှေတစ်စီး ဇူလိုင် ၃ ရက်က နစ်မြုပ်မှုဖြစ်ပြီး လူ ၂၇ ဦးအထိ သေဆုံးပါတယ်။ ဒီစက်လှေနစ်မြုပ်မှုမှာ ကိုးဦး ပျောက်ဆုံးနေဆဲဖြစ််ပြီး အနီးက စက်လှေတွေက အခြား ၅၅ ဦးကို ကယ်တင်ပေးနိုင်ခဲ့တယ်လို့ အတ္တလန္တိတ် ငါးဖမ်းလုပ်ငန်းအသင်းက ထုတ်ပြန််ပါတယ်။

တန်ချိန် ၇၀ ရှိတဲ့ ငါးဖမ်းစက်လှေဟာ ကမ်းခြေက ရေမိုင် ၄၀ အကွာမှာ နစ်မြုပ်ခဲ့တာဖြစ်တယ််လို့ သိရပါတယ်။

ငါးဖမ်းဖို့အတွက် မသင့်တော်တဲ့ ရာသီဥတုအခြေအနေကြားမှာ အခု ငါးဖမ်းလှေက ထွက်ပြီး ငါးဖမ်းတာဖြစ်ကြောင်း စစ်တပ်ပြောခွင့်ရသူ ဂျိုစေးဒိုမန်ဂိုက ပြောပါတယ်။

ကာရေဘီယံပင်လယ်က ကမ်းရိုးတန်းမိုင် ၁၁၂၆ မိုင်ရှည်လျားတဲ့ ဟွန်ဒူးရပ်စ်ဟာ အပူပိုင်းမုန်တိုင်းနဲ့ ဟာရီကိန်းမုန်တိုင်းစတဲ့ သဘာဝဘေးဒဏ်တွေ ကြုံရလေ့ရှိတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။

စက်လှေမနစ်မြုပ်မီ မာလိန်မှူးက သတိပေးချက် ပေးပို့ခဲ့တယ်လို့ ဌာနေသတင်းတွေက ဖော်ပြပါတယ်။

နစ်မြုပ်နေတဲ့ စက်လှေပေါ် အကူအညီကိုစောင့်ရင်း လူ ၂၇ ဦး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒိုမန်ဂိုက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly