ယာဉ်ထိန်းရဲကို ကွန်တိန်နာ ယာဉ်မောင်းက ဓားဖြင့်ခုတ်

By နူးရာ
04 July 2019
ယာဉ်ထိန်းရဲကို ကွန်တိန်နာ ယာဉ်မောင်းက ဓားဖြင့်ခုတ်

ရန်ကုန်၊ ဇူလိုင် ၄၊ ။       ။ ကွန်တိန်နာ ယာဉ်မောင်းက ယာဉ်ထိန်းရဲကို ဓားဖြင့်ခုတ်မှု တစ်ခု ဆိပ်ကမ်းမြို့နယ် ရေကြောင်းရဲတပ်ဖွဲ့စခန်း အနီးတွင် ယနေ့ နေ့လယ်(၂)နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မျက်မြင်များထံက သိရသည်။

"အဲဒီကွန်တိန်နာကားမောင်းတဲ့သူက ကားရပ်ဖို့နေရာရှာနေတာ သုံးပတ်လာက် ပတ်ပြီးနေရာ ရှာနေတာနဲ့ လမ်းပိတ်လို့ဆိုပြီး ယာဉ်ထိန်းရဲက လာပြောတယ်။ အဲ့မှာစကားများကြတယ်။ ပြီးတော့ ရဲကနေ စပြီး ထိုးလိုက်တယ်။ အဲ့မှာ ယာဉ်မောင်းက ငှက်ကြီးတောင်ဓါးနဲ့ ဆင်းလာပြီး ကန်လိုက်တော့ ရဲက လမ်းမပေါ် လဲကျသွားတယ်။ ပြီးတော့ ထပ်ကန်တယ်။ အဲ့ချိန်မှာ နောက်ထပ်ယာဉ်ထိန်းရဲ တစ်ယောက်က  နံပါတ်တုတ်ကိုင်ပြီး ရောက်လာတယ်။ နံပါတ်တုတ်နဲ့ ရိုက်ဖို့ လုပ်ပြီး မင်းငါ့ကို ထိုးမလို့လား ထိုးရဲလို့လား ပြောနေရင်း ဓါးနဲ့ ခုတ်ချလိုက်တာပဲ "  ဟု ဖြစ်စဉ်ကို မြင်တွေခဲ့သူ တစ်ဦးက မဇ္စျိမသို့ ပြောသည်။

ဓားခုတ်ခံရသည့် ယာဉ်ထိန်းရဲမှာ ဦးခေါင်းပြတ်ရှဒဏ်ရာ( မစိုးရိမ်ရ) နှင့် ရန်ကုန်ဆေးရုံကြီး  ပြင်ပလူနာ ဌာနတွင် ဆေးကုသမှုခံယူနေရပြီး   ဓါးခုတ်သူ ယာဉ်မောင်းကို ရာဇသတ်ကြီး ပုဒ်မ  ၃၃၃၊ ၃၃၂ တို့ ဖြင့် အမှုဖွင့်ထားကြောင်းနှင့်  ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်ဟု ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်ထွန်းက မဇ္စျိမသို့ ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly