မြန်မာ့မီဒီယာလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေချိန် ဟု အမည်ပေးထားသည့် ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ရှိ Wyndham ဟိုတယ်တွင် ဇွန်လ ၂၉ ရက်နေ့က Mizzima TV နှင့် VOA (Voice Of America) တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အိန္ဒိယ သံအမတ်ကြီး H.E Mr Saurabh Kumar က အဖွင့်စကား တက်ရောက်ပြောကြားခဲ့ပြီး “မြန်မာ့သတင်းမီဒီယာဘယ်လောက်ထိလွတ်လပ်နေပြီလဲ “ ဆိုသည့် ခေါင်းစဉ်နှင့် “အမျိုးဘာသာ၊ သာသနာကြွေးကျော်မှု တွေကြားက သတင်းမီဒီယာအကြောင်း” ဆိုသည့် အကြောင်းအရာ နှစ်ရပ်ကို ဆွေးနွေးခဲ့ကြသည်။
“ နိုင်ငံတကာမီဒီယာတွေရဲ့လွတ်လပ်ခွင့်အဆင့်အတန်းဟာ ကျဆင်းနေတယ်လို့ပြောတယ်။ အလားတူပဲ မြန်မာနိုင်ငံနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လည်း အမျိုးမျိုး သူတို့စီစစ်ပြီးတဲ့အခါကျတော့ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်လုံးဝမရှိတဲ့နိုင်ငံလို့တော့မပြောဘူး။ ဒါပေမယ့် နည်းနည်း အကျဉ်းလွတ် လပ်ခွင့်ရှိတယ်ဆိုတော့။ ကျွန်တော်တို့အားလုံးမြင်ချင်တာက လွတ်လပ်တဲ့ သတင်းမီဒီယာကိုပဲ မြင်ချင်တယ်။ ဒါဆိုရင် နည်းနည်းချင်း လွတ်လပ်မှုရှိတဲ့အဆင့်ကနေပြီး တကယ်ရောက်အောင် ဘာလုပ်ကြမလဲဆိုတာနဲ့ တဖြေရှာဆွေးနွေးချင်တဲ့ တကယ့်ဝါရင့် သတင်းအယ် ဒီတာတွေကိုဖိတ်ခေါ်ပြီးဆွေးနွေးတယ်ဆိုတဲ့သဘောပါ “ ဟု VOA မှ ဦးသန်းလွင်ထွန်းကပြောသည်။
“မြန်မာ့သတင်းမီဒီယာဘယ်လောက်ထိလွတ်လပ်နေပြီလဲ “ ဆိုသည့် ခေါင်းစဉ်ကို Myanmar Now သတင်းဌာနမှ ကိုဆွေဝင်း၊ ဦးစိန်းဝင်း( Internews) ဒေါက်တာဇင်မာကျော် (အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်)နှင့် KIC မှ နန်းဖော့ဂေ တို့ကဆွေးနွေးခဲ့ကြသည်။
“အမျိုးဘာသာ၊ သာသနာကြွေး ကျော်မှု တွေကြားက သတင်းမီဒီယာအကြောင်း” ခေါင်းစဉ်နှင့် ပတ်သက်ပြီး ဦးမြင့်ကျော်(မြန်မာဂျာနယ်လစ်ကွန်ရက်)၊ ဒေါ်အေးမြကျော်( Yangon Journalism School )၊ ဦးသီဟစောနှင့် ဒေါက်တာရန်မျိုးသိမ်း တို့ကဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဝါရင့်သတင်းစာဆရာ အယ်ဒီတာများနှင့် နယ်ပယ်အသီးသီးက ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး မီဒီယာလွပ်လပ်ခွင့်အပါအဝင် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်သွားရန်လည်း သဘောထားပေးခဲ့ကြသည်။