၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မီလိုက်သူတွေကတော့ ပါရာဂွေးလက်ရွေးစင်အသင်းရဲ့ ဆွဲဆောင်မှုအရှိဆုံး ပရိသတ်အဖြစ် သတ်မှတ်ခံရတဲ့ မော်ဒယ်မလေးကို သိကြမယ်ထင်ပါတယ်။
သူမကတော့ အသက် (၃၄)နှစ်ရှိပြီဖြစ်တဲ့ လာရစ်ဆာ ရီကွယ်လ်မီးဖြစ်ပါတယ်။
ပါရာဂွေးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြင့်ဆုံးအဆင့်အဖြစ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး ပါရာဂွေးအသင်းသာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ဝတ်လစ်စားလစ်ပြေးပြမယ်လို့ ပြောခဲ့တဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာတော့ ရီကွယ်လ်မီးဟာ Playboy မဂ္ဂဇင်းနဲ့ မျက်နှာဖုံးရိုက်ခွင့်ရခဲ့တဲ့အပြင် ပါရာဂွေးနိုင်ငံရဲ့ ကြေးအကြီးဆုံး မေလ်ဒယ်တစ်ယောက်လည်းဖြစ်လာခဲ့ပါတယ်။
သူမကို ၂၀၁၁ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ တွေ့ခဲ့ရသလို အခု ၂၀၁၉ ကိုပါအမေရိကဖလားမှာလည်း ပါရာဂွေးအသင်းနဲ့အတူ မြင်တွေ့ရပြန်ပါတယ်။ ဒါပေမယ့် သူမရဲ့ အသင်းကတော့ ဘရာဇီးကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးပြီး ကွာတာဖိုင်နယ်အဆင့်ကနေ နှုတ်ဆက်လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။