တူးနစ်၊ ဇွန် ၂၈ ။ ။ တူနီးရှားနိုင်ငံ တူးနစ်မြို့တော်မှာ သံသယရှိ အသေခံဗုံး နှစ်ကြိမ် ဖောက်ခွဲခံရပြီး ရဲတာဝန်ရှိသူတစ်ဦး သေဆုံးကာ အခြား ရှစ်ဦး ဒဏ်ရာရကြောင်း လုံခြုံရေးသတင်းရင််းမြစ်က ပြောပါတယ်။
ဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အိုင်အက်စ်အဖွဲ့က ၎င်းတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ အလျင်အမြန်ပဲ ထုတ်ပြန်ပါတယ်။
ဗုံးခွဲသမားနှှစ်ဦးစလုံးဟာ အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေပဲ ဖြစ်တယ်လို့ အိုင်အက်စ်ရဲ့ Amaq သတင်းဌာနက ထုတ်ပြန်တာ ဖြစ်ပါတယ်။
ပထမအသေခံဗုံးဟာ ဇွန် ၂၇ ရက် နေ့လယ်ပိုင်းလောက်မှာ ရဲလှည့်ကင်းကားကို အသေခံဗုံးခွဲလိုက်တာ ဖြစ်ပုံရပါတယ်။
တူးနစ်မြို့တွင် လူစည်ကားရာ ဧရိယာရဲ့ လမ်းထောင့်ကနေ အသေခံဗုံးခွဲတာပါ။ ဖြစ်ပွားရာ နေရာဟာလည်း လုံခြုံရေး ထူထပ်တဲ့ ပြင်သစ်သံရုံးနားမှာ ဖြစ်တာပါ။
“လမ်းတစ်လမ်း တုန်ခါသွားအောင် ကြီးမားတဲ့ ပေါက်ကွဲမှုကြီးပဲ။ လူတွေဟာ ခြေဦးတည့်ရာ ကြောက်လန့်တကြား ထွက်ပြေးကြတယ်။”လို့ မျက်မြင်တစ််ဦးက ပြောပါတယ်။
ဒီ ပေါက်ကွဲမှုဖြစ်ပြီး မိနစ်ပိုင််းမှာပဲ လူသေဆုံးမှု ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
“အပြင်းအထန်ဒဏ်ရာရခဲ့သည့် ရဲတာဝန်ရှိသူနှစ်ဦးအနက် တစ်ဦး သေဆုံးခဲ့ရသည်။ အရပ်သားသုံးဦးကိုလည်း ဆေးရုံတင်ပို့ပေးထားသည်။”ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီ ပထမဗုံး ပေါက်ကွဲပြီး အချိန်ပိုင်းအတွင်းမှာပဲ မြို့ရဲ့ အနီးနား အယ်ဂေါ်ဂျာနီအရပ်က ရဲဌာနရဲ့ တန်ပြန်အကြမ်းဖက်ဖြိုခွင်းရေးစင်တာကို ပစ်မှတ်ထားပြီး ဒုတိယအသေခံဗုံးခွဲသမားက ဗုံးဖောက်ခွဲတာ ဖြစ်ပါတယ်။
အဲဒီ ဒုတိယ အသေခံဗုံးမှာတော့ လူ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။