ကမ္ဘောဒီးယား အဆောက်အအုံပြိုကျမှု သေဆုံးသူ ၁၇ ဦးထိ ရှိလာ

ကမ္ဘောဒီးယား အဆောက်အအုံပြိုကျမှု သေဆုံးသူ ၁၇ ဦးထိ ရှိလာ

ဇွန် ၂၃ ။            ။ ကမ္ဘောဒီးယားနိုင်ငံ ကမ်းခြေမြို့တစ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်က တရုတ်ပိုင် အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီးနောက် ယခုအခါ သေဆုံးသူဦးရေဟာ ၁၇ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဇွန်လ ၂၃ ရက်မှာ ယင်း အဆောက်အအုံပြိုကျခဲ့တဲ့ အပျက်အစီးပုံတွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိမရှိ ကယ်ဆယ်ရေးလုပ်သားတွေ ကြိုးပမ်းရှာဖွေနေကြရလျက် ရှိပါတယ်။

စီဟန်နော့ဗီလီ ကမ်းခြေမြို့တွင် ခုနစ်ထပ် အဆောက်အအုံ ပြိုကျခဲ့ပြီးနောက် ယမန်နေ့မှာတော့ လူတစ်ဦးကို အပျက်အစီးပုံတွေအောက်ကနေ အသက်ရှင်လျက် ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တစ်ချိန်တုန်းက တံငါရွာလေးတစ်ရွာအဖြစ် ရှိနေခဲ့ရာကနေ နောက်ပိုင်းနှစ်တွေမှာ ယင်းဧရိယာမှာ ကယ်စီနိုရုံတွေ ပေါ်လာပြီး ခရီးသွားအလုံးအရင်း ဝင်ရောက်လာခြင်းနဲ့အတူ တရုတ်တို့ ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း အများအပြား ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ယခု အဆောက်အအုံ ပြိုကျမှုနဲ့ပတ်သက်လို့ တရုတ်နိုင်ငံသား သုံးဦးနဲ့ ကမ္ဘောဒီးယား မြေပိုင်ရှင်တစ်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေလျက် ရှိပါတယ်။

ဒီဖြစ်စဉ်မှာ  ဆောက်လုပ်ရေးကုမ္ပဏီဘက်က ပေါ့့လျော့မှု ရှိခဲ့တယ်ဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြစ်တင်ထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly