ထိုင်း လှိုဏ်ဂူဖြစ်ရပ်တစ်နှစ်ပြည့် အလှူရန်ပုံငွေ ပြေးပွဲမှာ တောဝက်ဘောလုံးအသင်းသားတွေ ပါဝင်

ထိုင်း လှိုဏ်ဂူဖြစ်ရပ်တစ်နှစ်ပြည့် အလှူရန်ပုံငွေ ပြေးပွဲမှာ တောဝက်ဘောလုံးအသင်းသားတွေ ပါဝင်

ဇွန် ၂၃ ။           ။ ထမ်လွန်လှိုဏ်ဂူ ဖြစ်ရပ် တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အလှူရန်ပုံငွေ ရှာဖွေတဲ့ ပြေးပွဲတစ်ခုကို ဇွန်လ ၂၃ ရက်က ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့ရာမှာ ထိုင်းတောဝက်ဘောလုံးအသင်းသားတွေနဲ့ နည်းပြဖြစ်သူတို့ ဦးဆောင်ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ယင်း အလှူရန်ပုံငွေ ပွဲကနေ ရရှိလာမယ့် လှူဒါန်းငွေတွေအားလုံးကို လက်ရှိမှာ နာမည်ကျော်နေပြီဖြစ်တဲ့ ထမ့်လွန် လှိုဏ်ဂူ ဖွံ့ဖြိုးရေးအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ယင်း ရန်ပုံငွေ ပြေးပွဲမှာတော့ စက်ဘီးစီးသမားတွေနဲ့ အပြေးသမား ၅,၀၀၀ ကျော် ပါဝင်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ယမန်နှစ်က ထိုင်းမြောက်ပိုင်းက ထမ်လွန်လှိုဏ်ဂူထဲ လူငယ်ဘောလုံးအသင်းသား ၁၂ ယောက်နဲ့ နည်းပြဖြစ်သူတို့ ဝင်သွားရင်း ရေလွှမ်းမိုးမှုဖြစ်လို့ ဂူထဲ ပိတ်မိနေခဲ့ရာကနေ ခက်ခက်ခဲခဲ ပြန်လည်ကယ်ထုတ်ခဲ့ရတဲ့ ဖြစ်စဉ် နှစ်ပတ်လည်အဖြစ် ယခု အခမ်းအနားကို ပြုလုပ်တာဖြစ်ပါတယ်။

ယခု ရန်ပုံငွေ ပြေးပွဲမှာ ဗြိတိန်က ဂူလေ့လာရေးသမား ဗန် အန်ဆွာ့သ် နဲ့ လှိုဏ်ဂူဖြစ်ရပ် ကယ်ဆယ်ရေးမစ်ရှင် အကြီးအကဲ နာရောင်ဆက်ခ် အိုဆော့သန်နခွန်တို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly