ရေစကြိုမြို့ရှိ လွတ်လပ်ရေးပန်းခြံတွင်ထားရှိမည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းပုံတူရုပ်တုကြီးကို မန္တလေးမြို့၊တမ္ပဝတီရပ်ရှိ နီလာကြေးသွန်းလုပ်ငန်းမှ သွန်းလောင်း ပြီးစီးပြီဖြစ်သောကြောင့်၂၀၁၉ ခုနှစ်၊ဇွန်လ ၂၁ ရက်၊ညနေပိုင်းက ရေစကြိုမြို့သို့ စတင်သယ်ဆောင် မှုများ ပြုလုပ်စဉ်။
အဆိုပါရုပ်တုကြီးကို အချိန် သုံးလခွဲယူကာ ငွေကျပ်သိန်း(၁၂၀)ကုန်ကျခံ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမြင့် (၉)ပေခွဲ ရှိကြောင်း ကြေးပိသာချိန်(၃၀၀)ဖြင့်သွန်းလောင်းထားပြီး ၂၀၁၉ ခုနှစ်၊ဇူလိုင်လ ၁၄ ရက်တွင် ရေစကြိုမြို့ရှိ လွတ်လပ်ရေးပန်းခြံတွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မျိုးဆက်သစ်လူငယ်များ ဗိုလ်ချုပ်စိတ်ဓာတ်နှင့်သမိုင်းကြောင်းကိုသိရှိစေလိုသောရည်ရွယ်ချက်ဖြင့် စိတ်တူကိုယ်တူသူငယ်ချင်းများ၊ ရေစကြိုမြို့ရှိပြည်သူလူထု၏ပါဝင် လှူဒါန်းမှုများ၊ တစ်ဦးတည်း အလှူ ရှင်များ၏ လှူဒါန်းမှုများဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အလှူရှင်များကို ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုအသေးများကို ရုပ်တုဖြစ်မြောက်ရေးကော်မတီမှ ပြန်လည်ပေးအပ် သွားမည်ဖြစ်ကြောင်းကော်မတီ ဒုတိယဥက္ကဋ္ဌထံမှသိရသည်။
ရိုက်ကူး ဘိုဘို မဇ္ဈိမ