ဟာဝိုင်ယီပြည်နယ် လေယာဉ် ပျက်ကျမှု လူ ၁၁ ဦး သေဆုံး

ဟာဝိုင်ယီပြည်နယ် လေယာဉ် ပျက်ကျမှု လူ ၁၁ ဦး သေဆုံး

ဇွန် ၂၃ ။             ။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် မြောက်ပိုင်းတွင် ဇွန်လ ၂၁ ရက်က အပေ့ါစားလေယာဉ်တစ်စင်း ပျက်ကျ၍ ယာဉ်ပေါ်ပါ လူ ၁၁ ဦးစလုံး သေဆုံးသွားကြောင်း အာဏာပိုင်များက ဇွန် ၂၂ တွင် အတည်ပြုသည်။

ယင်း လေယာဉ်သည် skydiving လေထီးခုန်ခရီးစဉ်တစ်ခုအတွက် ထွက်ခွာသွားခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

အင်ဂျင်နှစ်လုံးတပ် King Air လေယာဉ်သည် ဒီလင်ဟမ် လေယာဉ်ကွင်းအနီး ထိုးဆင်းပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဟာဝိုင်ယီ ပို့ဆောင်ရေးဌာနက ပြောသည်။

လေယာဉ် ပျက်ကျမှုတွင် အသက်ရှင်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ကြောင်း ဟူနိုလူလူ မီးသတ်ဌာန အကြီးအကဲ မန်နျူရယ် ပီ နီဗက်စ်က အတည်ပြုသည်။

သေဆုံးသွားသူများမှာ skydivers သမား ကိုးဦးနှင့် လေယာဉ်အမှုထမ်း နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly