ဇွန် ၂၀ ။ ။ ဟောမုဇ် ရေလက်ကြားအနီး အီရန်လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာသည့် အမေရိကန် စပိုင် ဒရုန်းယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်က ဇွန်လ ၂၀ တွင် ပြောသည်။
ယင်းသည် မဟာဗျူဟာကျ ပင်လယ်လမ်းကြောင်းတွင် တင်းမာမှုများကို မြင့်တက်စေမည့် နောက်ထပ် ဖြစ်ရပ်တစ်ခုလည်း ဖြစ်လာခဲ့သည်။
ယခုကိစ္စနှင့်ပတ်သက်၍ အမေရိကန်ဘက်က တုန့်ပြန်ပြောဆိုခြင်း မရှိသေးပေ။
အီရန် လေပိုင်နက်ကို ကျူးကျော်ခဲ့ပြီးနောက် အမေရိကန်လုပ် global hawk စောင့်ကြည့်ဒရုန်းဟာ ဒုံးကျည်ထိမှန်သွားခဲ့ကြောင်း အီရန် အထူးတပ်က ထုတ်ပြန်သည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ယင်း ဒေသတွင် ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုဖြစ်စဉ်များဖြစ်ပြီး အမေရိကန်နှင့် အီရန်အကြား တင်းမာမှု မြင့်တက်နေခဲ့သည်။ ယင်း သင်္ဘော တိုက်ခိုက်ခံရမှုမှာ အီရန်လက်ချက်ဟု အမေရိကန်က စွပ်စွဲထားသည်။